Friday, August 14, 2009

Translation Practice at Sunday School(1)

On the full-moon day of May, in the year 623 B.C., there was born in the district of Nepal an Indian Sakya Prince named Siddhartha Gotama, who was destined to be the greatest religious teacher in the world.

ကဲ ဘာသာပြန် ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက် တနင်္ဂနွေ ဘာသာပြန် စကားဝိုင်းစတင်ပါပြီ၊ တနင်္ဂနွေ ဘာသာပြန်လို့ အမည်ပေးထားပါတယ်၊ Post တင်မယ့်ရက်ကတော့ သောကြာ စနေ နေ့တွေမှာပါ၊ တနင်္ဂနွေကျောင်း မြန်မာပြည်မှာ ဖွင့်ဖို့ ကြိုးစား၊ ဖွင့်နေဆဲ ဖြစ်လို့ ဒီလို အမည်ပေးလိုက်ပါတယ်၊

အထက်ပါ စာကြောင်းလေးနဲ့ လေ့လာ ကြည့်ကြရအောင်၊ စာကြောင်းတစ်ခုကို ဖတ်တဲ့အခါ အရေးကြီးဆုံးအချက်ကတော့ Main Verb လို့ခေါ်တဲ့ ဆိုလိုရင်း ကြိယာကို ရှာတက်ရပါမယ်။ တွေ့အောင် ရှာကြည့်ပါ၊ တွေ့ရင် အဲဒီ အရှေ့ပိုင်း ရှိသမျှသော စာလုံးအစုတွေ အားလုံးဟာ Subject လို့ ခေါ်တဲ့ ပြုလုပ်သူ ကတ္တားလို့ သတ်မှတ်ထားလိုက်ပါ။ နောက်ပိုင်း ရှိသမျှတွေကိုလည်း ဖြည့်ပုဒ် သို့မဟုတ် ကံပုဒ်လို့ သတ်မှတ်ထားလိုက်ပါ။ ဆိုတော့ အထက်ပါ စာကြောင်းမှာ Main Verb က ဘာလဲ?

တွေ့ပြီလား၊(--------------------------------------) မဆိုးဘူး၊ ဟုတ်ပါတယ်၊ born ပါ၊ past participle လို့ခေါ်တဲ့ အတိတ်ကြိယာ တစ်မျိုးပါ၊ passive ပုံစံနဲ့ အဲဒီစာလုံးကို အမြဲ သုံးတက်ပါတယ်။ မူရင်း ပုဒ်ကတော့ bear ပါ၊ မွေးဖွါးသည်ပေါ့၊ is born, was born, are born, were born, will be born, there ပုံစံနဲ့ တွဲသုံးရင် there is born, there was born, there was born, there were born, there will be born စသည် အားဖြင့် မှတ်ထားနိုင်တယ်။အမှန်တော့ Siddhattha prince was born (သိဒ္ဓတ္ထ မင်းသားလေး မွေးဖွါးတယ်)ဆိုပြီး သုံးလိုက်ရင် အဆင်ပြေပါတယ်၊ ဒါပေမယ့် စာကြောင်းကို အဆင့်မြင့်အောင် ဖန်တီးတဲ့အခါ အဲဒီအတိုင်း သုံးပါတယ်၊ ရှင်း၇ှင်းပြောရရင် စာခန့်ရေးတာပေါ့၊ ဘာမှ ခဲခဲယဉ်းယဉ်းကြီးမဟုတ်ပါဘူး၊ စာဖတ် များသွားရင် သူတို့ အဆင့်မြင့်ရေးသလို ဟိုနားရွှေ့ ဒီနားထား လုပ်တက်သွားမှာပါ။ ဆိုတော့ အပေါ်မှာ ပြထားခဲ့တဲ့ စာကြောင်းကို တစစီ ခွဲကြည့်ရအောင်၊ ဒါမှ ဆိုလိုရင်းကို နားလည်နိုင်မယ်လေ။ အများစုကတော့ ကြိယာ ၀ိသေသန(Adv) တွေ များမှာပါ။

1. On the full moon day of May (Adv), (Time)

2. In the year of 632 BC.(Adv), (Time)

3. There was born(past), there is , are form

4. In the district of Nepal (Adv),Place)

5. An Indian Sakya Prince(Noun Phrase)

6. Named Siddhattha Gotama(Noun Clause), Subject)

7. Who was destined(Adj Clause)

8. To be the greatest teacher (Adv, Purpose)

9. In the world( Adv, (Place)

စာကြောင်းကို အသေးစိတ် မရှင်းခင် အရင်သိသင့်တာလေးတွေ အခြေခံတရားလေးတွေ ပြောပြမယ်၊ သိပြီးရင် ကျော်ပစ်လိုက်ပါ။ အက္ခရာ တစ်လုံးချင်း (A,B,C ) စသည်ကို alphabet လို့ ခေါ်တယ်၊ အဲဒါလေးတွေကို စုပြီးတော့ cat, dog, paper, Godhama စသည် စုပြီးရေးလိုက်ပြီးဆိုရင် word လို့ ခေါ်တယ်၊ နောက် အဲဒီလို စုပြီးဖွဲ့ထားတဲ့ words တွေကို အစုလိုက် အစုလိုက် အဓိပ္ပါယ် ရှိအောင် ရေးလိုက်တဲ့၊ cat nail, my dog, Prince Siddhattha, on Sunday, in 1982, at twelve o’clock စသည် ကြိယာမပါတဲ့ စကားလုံးအစုလေးတွေကို Phrase လို့ ခေါ်တယ်၊ a man who lives next door of my room,(ကျွန်တော် အခန်းနဲ့ ကပ်လျှက်မှာနေတဲ့ လူတစ်ယောက်) a paper which is on the table,( စားပွဲပေါ်မှာ၇ှိတဲ့ စာရွက်တစ်ရွက်)၊ a girl who has brown eyes color (အညိုရောင်မျက်လုံးရှိတဲ့(ပိုင်ရှင်) မိန်းခလေးတစ်ယောက်)၊ စသည်ပေါ့၊ ကြိယာ ပါတယ်၊ စာကြောင်းမပြီးသေးဘူး။ အဲဒါကို Clause လို့ ခေါ်တယ်၊

The man who lives next door of my room has a girl who has brown eyes color ကျွန်တော့်အခန်းနဲ့ ကပ်လျှက်မှာနေတဲ့ လူတစ်ယောက်မှာ အညိုရောင်မျက်လုံးပိုင်ရှင် မိန်းခလေးတစ်ယောက်ရှိတယ်လို့ ကတ္တား ကြိယာ၊ ကံပုဒ်၊ ဖြည့်ပုဒ် စသည် ပါပြီး ဆိုလိုရင်း ပြည့်စုံသွားတဲ့ အကြောင်းကို sentence လို့ ခေါ်တယ်၊ အဲဒီ စာကြောင်းတွေ အများကြီး ရေးထားတာကို paragraph လို့ ခေါ်တယ်၊ ဒါက အခြေခံ သိသင့်လို့ ရေးပြတာပါ။

ဟုတ်ပြီ။ ဒါဆိုရင် စာကြောင်းအပိုင်း အပိုင်းလေးတွေကို ဘာသာ ပြန်ကြည့်ကြစို့။

1. On the full moon day of may (ADV) ကြိယာ ၀ိသေသနပါ၊ အချိန်ကာလကို ပြတဲ့ စာစုလေး တစ်ခုပါ၊ ကြိယာ မပါဘူး၊ ဒါဆို စကားစု (Phrase) လို့ ခေါ်ရမှာပေါ့၊ မေလ ဆိုတာ ၀ါဆိုလပြည့်နေ့နဲ့ တစ်ထပ်ထည်းပါ၊ တိုက်ကြည့်လိုက်ပေါ့။ ၀ါဆိုလပြည့်နေလို့ ဘာသာပြန်ကြည့်လိုက်၊ ဒါက လွယ်တယ်၊ နဲနဲ သိသင့်တာက ဘာလဲဆိုရင် ရှေ့ဆုံးက on ဆိုတဲ့ preposition ပါ၊ အဲဒိ အကြောင်းကို ပြီးရင် ဆက်မယ်လေ၊ အခု ကျန်တဲ့ စာပိုဒ်တွေကို ကြည့်မယ်၊

2. in the year of 632 BC.(ADV Phrase) ဘီစီ ခြောက်ရာ့ သုံးဆယ့်နှစ်ခုနှစ်မှာ၊

3. there was born မွေးဖွါးခဲ့တယ်၊ there is, there are Form

4. in the district of Nepal (ADV Phrase) ကြိယာ ၀ိသေသန, နီပေါနိုင်ငံရဲ့ အရပ်ဒေသမှာ၊

5. An Indian Sakya Prince (Noun Phrase) အိန္ဒိယ သာကီဝင်မင်းသားလေး တစ်ယောက်

6. Named Siddhattha Gotama (Adj Clause) အတိတ်ကြိယာနဲ့ ရေးထားတာပါ၊ နှစ်ခု ပေါင်းပြန်ရင် အဆင်ပြေမယ်၊ An Indian Sakya Prince named Siddhattha Gotama( သိဒ္ဓတ္ထ မင်းသားလေး လို့ အမည်ပေးထားအပ်တဲ့ အိန္ဒိယ သာကီဝင်မင်းသားလေးတစ်ယောက်) လို့ပြန်ပါ။ a story named my baby (ငါ့ကလေးလို့ အမည်ပေးထားအပ်သော ပုံပြင်၊ my girl friend named Butterfly (လိပ်ပြာလို့ အမည်ပေးထားတဲ့ ငါ့ကောင်မလေး စသည့်ပေါ့၊ စိတ်ကူးတည့်ရာ ရေးကြည်လိုက်။ အဆင်ပြေလာလိမ့်မယ်။

7. who was destined (Adj Clause) လာပြီ၊ Destined ဆိုတာ ကံအကြောင်းတရားပါသော။ ရေစက်ပါသော ကံစီမံသော ပါရမီကံ ရင့်သန်လာသော စသည်ပေါ့၊ အဘိဓာန်လေးဘာလေး ကြည့်တဲ့အလေ့အကျင့်မွေးထားသင့်တယ်လေ၊ ဆိုတော့ ကိုယ်အထူးပြုလိုတဲ့ပုဒ်ကို ထပ် ကွန့်ချင်ရင် အဲဒီလိုပဲ Who is, who was, who are, who were, who will be , စသည် ထည့်ပြီး ကွန့်လိုက်ပါ၊ ရှင်းပါလိမ့်မယ်။

8. to be the greatest teacher (ADV) ကြိယာဝိသေသန (Purpose)ရည်ရွယ်ချက် လို့ခေါ်တယ်၊ ဆိုပါစို့။ to be beautiful,(လှပဖို့) to be stupid, (မိုက်မဲဖို့) to go to school (ကျောင်းသွားဖို့) to be famous ( ထင်ပေါ်ကျော်ကြားဖို့) စသည် ရေးကြည့်နော်၊ သိနေတာက တစ်ပိုင်း။ ရေးကြည့်တော့ အလေ့အကျင့်ရတယ်၊ မှတ်မိလွယ်ပါတယ်၊ ဆိုတော့ ကြီးကျယ်မြင့်မြတ်သော ဆရာတစ်ဦးဖြစ်ဖို့ လို့ ဘာသာပြန်၊ ဒါဆိုတော့ စာကြောင်းတစ်ခုကို အပိုင်းအပိုင်း အတစ်တစ် လုပ်လိုက်တော့ အဓိပ္ပါယ် ထင်ထင်ရှားရှားပေါ်လာပြီ၊ ဒါပေမယ့် ကျန်ခဲ့တဲ့ကိစ္စကို ရှင်းချင်တယ်၊ ဘာလဲဆိုတော့ အချိန်တွေ နေ့ရက်တွေ၊ ခုနှစ်တွေရဲ့ရှေ့မှာ အမြဲတမ်း ကပ်ပါနေတဲ့ preposition ကိစ္စ၊ ဒီနေရာမှာ အဲဒီ စာလုံးကို မြန်မာ အများစုက ၀ိဘတ်လို့ ဘာသာ ပြန်တက်ကြတယ်၊ မှားတယ်။ အကြီးကြီးကို မှားခဲ့ကြတာ၊ သတိပြုမိရင်ပေါ့၊ ၀ိဘတ်ဆိုတာ ပါဠိသတ် ဝေါဟာရ၊ ပါဠိဘာသာမှာ ၀ိဘတ်က နောက်ကနေ လိုက်တာလေ၊ ဆိုပါစို့၊ ပုရိသော ဆိုတဲ့နေရာမှာ သိ ဆိုတဲ့ ၀ိဘတ်ကို သြ ပြောင်းပြီး သ နောက်က ကပ်လိုက်တာမျိုး၊ ရှုပ်မသွားနဲ့နော်၊ ပါဠိမသိတဲ့သူတွေ ၊ ဆိုတော့ အဲဒီလို ၀ိဘတ်နဲ့ အခု preposition နဲ့ ဆန့်ကျင်ဘတ်၊ Pre-ရှေ့မှာ၊ position-တည်နေတာ၊ စာလုံးတွေရဲ့ ရှေ့မှာ ကန့်လန့် ကန့်လန့်တည်နေတာကို preposition လို့ ခေါ်တော့ ၀ိဘတ်လို့ ပြောလိုက်ရင် မှားသွားတာပေါ့။ ဒါက စပ်မိလို့၊

ခုန ပြောခဲ့တဲ့ အချိန်တွေ၊ နေ့ရက်တွေ၊ လ တွေ၊ နှစ်တွေရဲ့ ရှေ့မှာ လိုက်တဲ့ ၀ိဘတ်တွေကတော့ in , on , at သုံးလုံးထဲပါ၊ နမူနာလေးတွေ ရေးပြမယ်လေ၊ မှတ်လို့လွယ်အောင်ပေါ့။ စည်းကမ်းသတ်မှတ်ချက်က ဘာမှ မဟုတ်ဘူး၊

Prepositions: In, On, and At

Prepositions: In , On, and At(with specific times and places)-တိကျတဲ့အချိန်နဲ့နေရာအတွက်သုံး

The prepositions in, on, and at can be used to indicate time and place. Notice how they are used in the following situations:

Preposition

Time

Place

In

Year, Month,
In 1999, In December

Country, State, City
In Japan, In Utah, InTaipei

On

Day, Date
On Saturday, On May 1

Street
On Main Street, On 1st Ave.

At

Time
At 8:00, At 7:30

Address
At 815 East Main Street

In many languages, there is only one preposition for the above situations. In English there are three. Just remember that in usually indicates the “largest” time or place, and at usually indicates the “smallest” time or place.

In, on, at သုံးလုံးကို အချိန်နဲ့ နေရာတွေကို ညွှန်ပြတဲ့နေရာမှာ သုံးရတယ်။ သေချာ မှတ်သားထားဖို့က အောက်မှာ ဖေါ်ပြထားတဲ့အခြေအနေတွေမှာ ဘယ်လို သုံးတယ်ဆိုတာကိုပါ။ ဇယားကွက်ကို ပြောတာပါ၊ ဘာသာစကား အများစုတွေထဲမှာတော့ အပေါ်မှာ ပြခဲ့တဲ့အခြေအနေတွေအတွက် preposition တစ်လုံးနဲ့ လုံလောက်မှာပါ၊ အင်္ဂလိပ်စာမှာတော့ သုံးလုံးပေါ့၊ in က အချိန်အများကြီးနဲ့ ကြီးကျယ်တဲ့ နေရာတွေကို အမြဲရည်ညွှန်းတယ်၊ at ကတော့ အသေးဆုံးနေရာနဲ့ အနဲဆုံး အချိန်တွေကို ရည်ညွှန်းတယ်ဆိုတာ မှတ်ထားရုံပါပဲ။ ကဲ နမူနာလေးတွေ ထုတ်ပြလိုက်ရင် ပိုရှင်းသွားမယ်။ အောက်မှာကြည့်လိုက်ပါ။

Examples:

A: Where’s your office? (မင်းရုံးဘယ်မှာလဲ)

B: In Taipei, Taiwan. (ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမှာပါ၊)

A: Really? What part of Taipei? (အော် တကယ်လား၊ တိုင်ပေရဲ့ ဘယ်အပိုင်းလဲဟင်)

B: It’s on Chung Shan North Road. (အော်၊ ချောင်ရှန်းမြောက်ပိုင်းလမ်းပေါ်မှာပါ)

A: I know that area. Where exactly is it? (ကျွန်တော်သိတာပေါ့၊အဲဒီနေရာကို၊ နေရာအတိအကျ ပြောပါလား)

B: It’s at 105 Chung Shan North Road, next to the bookstore. (အမှတ် ၁၀၅၊ ချောင်ရှန်းမြောက်ပိုင်းလမ်း၊ စာအုပ်ဆိုင်နဲ့ ကပ်လျှက်ပါ၊ )

C: When is the wedding? (မင်္ဂလာဆောင်က ဘယ်တော့လဲ)

D: It’s in June. ( ဇွန်လ ထဲမှာပါ)

C: What day? (ဘယ်ရက်လဲ)

D: It’s on Saturday, the 25th. ( နှစ်ဆယ့်ငါးရက် ၊ စနေနေ့ပါ၊)

C: What time? (ဘယ်အချိန်လဲ)

D: It starts at 6:00. (ခြောက်နာရီ စပါမယ်)

အခြေခံ အကျဆုံးအထိ နမူနာ ထည့်ပေးတာပါ၊ ပျင်းသွားသလား၊ နားလည်ပြီးသားဆိုရင် ကျော်ပစ်လိုက်ပါနော်။

Prepositions with articles and locations

When talking about locations, use at to indicate the general vicinity or area, and in to indicate inside the building, enclosed area, etc. For example:

တည်နေရာအကြောင်းကို ပြောကြ ရေးကြတဲ့အခါ အထွေထွေအနီးဝန်းကျင်သို့မဟုတ် နယ်ပယ် ကို ညွှန်ပြဖို့အတွက် At ကို သုံးပါ၊ ပြီးတော့ IN ကိုတော့ ကာရံထားတဲ့ အတွင်းပိုင်းတွေ အဆောက်အဦအတွင်းတွေရဲ့ နေရာတွေကို ညွှန်ပြဖို့အတွက် သုံးပါ။

နမူနာလေးတွေ ရေးပြခဲ့မယ်၊ ဘာသာတော့ အထွေအထူးမပြန်တော့ဘူးနော်။မသိတာကို အဘိဓာန် ကြည့်ရှုရမှာ သင့်တာဝန်၊ အဘိဓာန်ကြည့်ရမှာပျင်းရင် စာသင်ဖို့ စိတ်မကူးနဲ့တော့၊

at the swimming pool (on site)

in the swimming pool (in the
pool itself i.e. in the water)

at the post office/bank (general)

in the post office/bank (inside the building)

at the zoo (visitors—general area)

in the zoo (animals in their cages)

at school

in the classroom


Sample sentences:

I met my wife at the theater. (While watching a movie)

I spilled my drink in the theater (on the floor of the building)

She works at the library on Wednesdays.

She found a rare coin in the library (building).

Dr. Jones works at the hospital every day.

John was in the hospital for a week with a broken leg.

For school, prison, and church, the is used to indicate the building. No article indicates the general situation. Note the following:

"practice"/situation

building

in school (studying, listening to teacher, etc.)

in the school (building)

in jail/prison (staying there as a criminal)

in the jail/prison (temporary)

in church (praying, listening to a sermon, etc.)

in the church (building)


Where’s Dad?

in church (attending services)

in the church (fixing the windows)

at church

at the church

in prison (He committed a crime.)

at the prison (visiting his friend)

စပ်မိလို့ ပြောရင်း အတော်တောင် ရှည်သွားပေါ၊ စာလေ့လာတယ်ဆိုတာ ဒီလိုပါပဲ၊ စာတစ်ကြောင်းပဲဖတ်၊ အဲဒီတစ်ကြောင်းအတွင်းမှာ ပါတဲ့ ဖွဲ့စည်းပုံတွေကို သေချာ လေ့လာနိုင်ရင် အကုန်လုံး ခြုံငုံသုံးသပ် မိတာပါပဲ။ အခုပဲ ကြည့်လေ စာတစ်ကြောင်းတောင် ဘာသာ မပြန်ရသေးဘူး၊ စပ်မိလို့ ပြောခဲ့တာတွေ များသွားပြီ၊ ရေးခဲ့တဲ့စာကြောင်း မြန်မာစာ နဲ့ အစပ်အဟပ်မိအောင် ပြန်လိုက်မယ်ဆိုရင် ဒီလိုပါ---------

On the fullmoon day of May, in the year 623 B.C., there was born in the district of Nepal an Indian Sakya Prince named Siddhartha Gotama, who was destined to be the greatest religious teacher in the world.

ဘီစီ ခြောက်ရာ နှစ်ဆယ့်သုံးခုနှစ်၊ မေလ(၀ါဆိုလ)ပြည့်နေ့တွင်၊ ကမ္ဘာပေါ်ရှိ အကြီးမြတ်ဆုံး ဆရာ တစ်ဆူဖြစ်ရန် ပါရမီ ပါလာသည့် သိဒ္ဓတ္ထ အမည်ရှိ အိန္ဒိယ သာကီဝင်မင်းသားတစ်ပါးသည် နီပေါဒေသတွင် ဖွါးမြင်တော်မူခဲ့သည်။

ကဲ ဘာသာပြန် အလေ့အကျင့် ၀ါသနာ ပါတဲ့ သူငယ်ချင်းတို့ရေ စာဖတ်ရကျိုးလေး နပ်သွားအောင် ဘာသာလေး တစ်ခုလောက်တော့ ပြန်ပေးခဲ့ပါလား၊ ရေးပေးခဲ့မယ်နော်၊ လေ့ကျင့်ခန်းပေါ့၊

(၂၀၀၉ ခုနှစ်၊ ဇွန် လကုန်ပိုင်းလောက်မှာ၊ ဟာသ ပညာရှင်ဆရာတစ်ဆူ ဖြစ်ရန် ပါရမီ ပါလာသည့် ဂျွန်ယက်တော အမည်ရှိ အမေ၇ိကန် နိုင်ငံသားတစ်ယောက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲမှာ မထင်မှတ်ပဲ ပေါ်ထွက်လာခဲ့ပါတယ်၊ )

သိပ် စဉ်းစားစရာ မလိုအောင် စာလုံးလေးတွေ အလွယ်တကူ ပေးထားခဲ့မယ်လေ။

Funny, Funnier, Funniest, expect, unexpected, unexpectedly, appear, appeared, စသည်

ကြိုးစားကြည့်နော်၊ နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ပြန်ဆုံကြမယ်လေ၊ တနင်္ဂနွေ ဘာသာပြန် သင့်ထံမှာ အသုံး တန် ပါစေခင်ဗျာ။

Tuesday, August 4, 2009

ဘုရားတည်ခြင်းသည် သာသနာပြုခြင်းလော။

ဘုရားတည်ခြင်းသည် သာသနာပြုခြင်းလော။
July 5, 2009 by mettayate
“မြန်မာလူမျိုးတို့၏တိုးတက်မှု ဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်” ဟူသောစကားသည် “မြန်မာတို့၏အသက်သည် ဗုဒ္ဓဘာသာဟုပင် ဆိုလိုက်ခြင်းဖြစ်၏။” ထို့ကြောင့် ဗုဒ္ဓဘာသာကွယ်ပျောက်လျှင် မြန်မာလူမျိုးကမ္ဘာမှ ကွယ်ပျောက်သွားသည်နှင့် အတူတူပင်။

တစ်ခါက မိဘမဲ့ကလေးများကို စောင့်ရှောက်မွေးမြူနေသော ဆရာတော်တစ်ပါးသည် အသိတစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့ရှိ သူဌေးကြီးတစ်ယောက်ထံ ရောက်လာပြီး အကူအညီတောင်းကြည့်သည်။
သူဌေးကြီးပြန်ပြောသည်က -
တပည့်တော်က ဒီလိုအလှူမျိုးတွေ ၀ါသနာမပါဘူး။ တောတောင်တွေထဲမှာ ဘုရားတည်တဲ့ သာသနာပြုအလုပ်ပဲလုပ်တယ်။ တပည့်တော်ရဲ့ ဘဘုရား (ဘိုးတော်)ကလည်း ဘုရားတည်တဲ့ ကုသိုလ်ပဲ လုပ်ရမယ်လို့ အမိန့်ချထားလို့ပါ။
ထိုသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နတ်မျိုးစုံ၊ ဘိုးတော်၊ မယ်တော် ကို အဓိကထား ကိုးကွယ်သူများမှာ ဗုဒ္ဓဘာသာအသက် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသူဟု ဆိုထိုက်သလို ရတနာသုံးပါးကို ပယ်ထားသည့်အတွက် သရဏံဂုံလည်း ပျက်ပါတယ်။ ထိုသို့သောသူများတည်သော ဘုရားသည် မြေပြင်မှာတည်နေသော ဘုရားများသာ ဖြစ်ပြီး တကယ့်အရေး တကယ်ဘေးတွင် ဗုဒ္ဓသာသနာမကွယ်ပျောက်အောင် စောင့်ရှောက်ကြမည်ဖြစ်သည်။

“သာသနာပြုခြင်း အဓိပ္ပါယ်
သာသနာ ဟူသည် အဆုံးအမ။”

“မည်သူ၏ အဆုံးအမနည်း ဟုဆိုလျှင်
ဗုဒ္ဓ၏ အဆုံးအမပင် ဖြစ်၏။”

“ ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။
သီလ သမာဓိ ပညာ သိက္ခာသုံး မိမိသန္တာန်မှာ ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။
ဤသည်မှာ မိမိသန္တာန်ကို ဦးစွာ သာသနာပြုခြင်း မည်၏။”

မိမိသန္တာန်တွင် သာသနာသုံးရပ်တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ်တည်အောင် စာသင်တိုက်များ ဖွင့်လှစ်၍ စာပေများကို ပို့ချသင်ကြားပေးခြင်း၊ ရိပ်သာများတည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာပြုခြင်းပင် ဖြစ်၏။
ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊ တရားပြဆရာတော်များပင် ဖြစ်၏။ သို့သော် ဗုဒ္ဓဘာသာအများစုကား ဘုရားတည်သော ဘိုးတော် မယ်တော် နှင့် တောထွက်ရဟန်းအချို့ကိုသာ သာသနာပြုပုဂ္ဂိုလ်များ ထင်မြင်နေကြ၏။ ထင်ရခြင်း၏အကြောင်းမှာ ဘုရားတည်သောသူများက သာသနာပြု ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့်ဖြစ်၏။
အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်း ဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာ ခေါ်ဆိုနိုင်၏။
ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ပြည်နယ်မြို့နယ်ရွာရှိ ဒကာ ဒကာမများသည် ဘုရားတည်သော ဘုန်းကြီးများကိုသာ အဓိကထားလှူကြပြီး စာသင်တိုက်နှင့် တရားပြဆရာတော်များကို ပစ်ထားကြသောကြောင့် ထိုမြို့နယ်၌ စာသင်တိုက်များနှင့် တရားပြစခန်းများ ၀မ်းနည်းဖွယ်ရာ ပျောက်ကွယ်သွားကြလေပြီ။


ဘုရားတည်ခြင်း နှစ်မျိုး
ဘုရားတည်ခြင်းသည် မြေပြင်မှာတည်ခြင်း နှင့် လူများ၏ နှလုံးသား၌တည်ခြင်း ဟူ၍ နှစ်မျိုးရှိ၏။
မြေပြင်မှာ တည်သော ဘုရားများသည် သဘာဝရာသီဥတုဒဏ်ောကာင့် နျစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်သွားရသည်သာဖြစ်၏။ စာပေများသင်ကြားပို့ချပေးခြင်း၊ တရားပွဲများတရားစခန်းများ ကျင်းပ၍ ဟောကြားပြသပေးခြင်းများသည် လူတို့၏ နှလုံးသား၌ ဘုရားတည်ပေးခြင်းပ်ငဖြစ်၏။
တကယ့်အရေး တကယ့်ဘေးနှင့် ကြုံရသောအခါ မြေပြင်မှာ တည်ထားသော ဘုရားစေတီများသည် သာသနာမကွယ်ပျောက်အောင် တားဆီးကာကွယ်နိုင်စွမ်း မရှိပေ။
ထိုအချက်ကို ဗုဒ္ဓဘာသာကွယ်ပျောက်သွားသော နိုင်ငံများမှ ရုပ်ပွားစေတီများက သက်သေပြလျက်ရှိ၏။ မြန်မာနိုင်ငံ ကဲ့သို့ တစ်ချန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော အင်ဒိုးနီးရှားနိုင်ငံတွင် ပေလေးရာပတ်လည်မျှကြီးမားသော ဗောဓောဗုဓု အမည်ရှိ ကျောက်စေတီတော်ကြီး ရှိနေသော်လည်း ဗုဒ္ဓဘာသာဝင်များ မရှိတော့ပေ။ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်မြို့တွင် ပေတစ်ရာကျော် မြင့်မားသော ကျောက်ဆင်းတု ရုပ်ပွားတော်ကြီးများ ရှိသော်လည်း ဗုဒ္ဓဘာသာဝင်တို့ကား မရှိတော့ပေ။

အတွေးအခေါ် ဉာဏ်ပညာကြီးမားသော သူများသည် သူတစ်ပါးအမှားကိုကြည့်ပြိး သင်္ခန်းစာ ယူတတ်ကြ၏။
အတွေးအခေါ် ဉာဏ်ပညာနည်းပါးသူသည် သူတစ်ပါးအမှားကိုကြည့်ပြီး ကိုယ်မမှားအောင် သင်္ခန်းစာ မယူတတ်ကြ။ ကိုယ်တိုင်မှားမှ သင်္ခန်းစာယူတတ်ကြသည်။
အတွေးအခေါ် ဉာဏ်ပညာအနည်းဆုံးသူများကား ကိုယ်ကိုယ်တိုင်မှားတာကိုပင် သင်္ခန်းစာ မယူတတ်ကြ။


ဒင်ကျီးငှက်၏ သာသနာပြုနည်း

ဗုဒ္ဓဘာသာ၏ သာသနာပြုနည်းသည် ဗျိုင်းနှင့်တူတယ်။ ဗျိုင်းဟာ ရေပေါ် ပေါ်လာတဲ့ငါးကိုသာ ဖမ်းစားပြီး ရေအောက်ထဲက ငါးကိုမဖမ်းဘူး။ ထို့အတူ ဗုဒ္ဓဘာသာရဟန်းအများစုကလည်း မြို့ပေါ် ရွာပေါ်ကတွေ့သမျှ လူလောက်ကိုပဲ ဟောပြောပြပြီး သာသနာပြုတယ်။ ဝေးလံခေါင်သီတဲ့ တောရွာတွေထိလိုက်ပြီး သာသနာမပြုကြဘူး။
အခြားဘာသာခြားတွေကတော့ ဒင်ကျီးငှက်နှင့်တူတယ်။ ဒင်ကျီးငှက်ဟာ ရေပေါ် ပေါ်လာတဲ့ငါးကိုလည်း ဖမ်းစားပြီး ရေအောက်ထဲက ငါးကိုလည်း ဖမ်းစားတယ်။ ထို့အတူ ဗုဒ္ဓဘာသာမှတပါး တခြားသောဘာသာခြားဆရာတွေဟာ မြို့ပေါ် ရွာပေါ်အထိ သူတို့ရဲ့သာသနာပြုတယ်။ ဝေးလံခေါင်သီတဲ့ တောရွာတွေမှာလည်း သူတို့ရဲ့သာသနာကို ဖြန့်တယ်။
ဒါ့ကြောင့် ခေါင်တဲ့အရပ်တွေမျာဆိုရင် ဗုဒ္ဓဘာသာ သာသနာပြုတွေမရောက်တဲ့အတွက် ဘာသာခြားတွေ များနေတာလို့ ပြောပါတယ် ဘုရား။ (ဘာသာခြားလူငယ်တစ်ယောက်၏ ထင်မြင်ချက်)


ရုပ်ပွားတွေတိုး ကလေးတွေလျှော့
ရုပ်ပွားတော်များကို စက်ရုံမှ ထုတ်သလို လိုအပ်သည်ထက် ပိုမိုထုလုပ်ကြသောအခါ တန်ဘိုးနည်းသွား၏။ ဗုဒ္ဓဘာသာကလေးများကို ဘာသာခြားသူဋ္ဌေးများက သူတို့ဘာသာအတွက် အင်းစိန်တို့ လှိုင်သာယာတို့တွင် ခြံကျယ်ကြီးများဝယ်ပြီး ကားဝပ်ရှော့ရုံကြီးများ၊ ကားဘောဒီရုံများတည်ပြီး ထမင်းလည်းကျွေး၊ အသက်မွေးဝမ်းကျောင် ပညာလည်းသင်ပေး၊ လစာလည်းပေးသောကြောင်း ဆင်းရဲသော ဗုဒ္ဓဘာသာကလေးရာပေါင်းများစွာ ရောက်လာကြပြီး ဘာသာခြားထဲ ရောက်သွားကြ၏။
တစ်ထောင်ရုပ်ပွားတောများ တိုးတိုးလာသလောက် ဗုဒ္ဓဘာသာကလေးများ လျော့လျော့သွားသည်ကို ဗုဒ္ဓဘာသာ ရဟန်းရှင်လူတိုင်း အထူးသတိပြုသင့်လှ၏။
(တခြားဘာသာမှ ဗုဒ္ဓဘသာသာသို့ ပြောင်းဝင်လာခြင်းသည် အခြားဘာသာထက် ဗုဒ္ဓဘာသာက မြတ်သောကြောင့် ဖြစ်၏။
ဗုဒ္ဓဘာသာမှ အခြားဘာသာပြောင်းဝင်သွားခြင်းကား အခြားဘာသာက ဗုဒ္ဓဘာသာထက် မြတ်သောကြောင့်မဟုတ်။ (ငတ်သော ဆင်းရဲသော) ကြောင့် ဖြစ်၏။)
အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးဆိုလျှင် တန်ဆောင်းတစ်ခုတွင် သပ္ပါယ်သော ရုပ်ပွားတစ်ဆူသာ ထားသင့်ကြောင်း၊ ကျောင်းတိုက်တစ်ခုတွင်လည်း ရုပ်ပွားတော်တစ်ဆူသာ ထားသင့်ကြောင်း သြ၀ါဒပေးတော်မူခဲ့၏။ ဘုရားရုပ်ပွားတော်ပင့်ထားလျှင် သက်တော်ထင်ရှားဘုရားရှင်ရှေ့တွင် နေသလို နေနိုင်မှကောင်သည်။ မနေနိုင်လျှင် ပင့်မထားသင့် ဟု သြ၀ါဒပေးတော်မူခဲ့သည်။
ယခုခေတ်တွင် ဘုရားတည်ယောင်ပြပြီး ဂဏန်းပေးသော ဘုန်းကြီးများ တွင်ကျယ်နေ၏။ ထိုဘုန်းကြီးမျိုးဆိုလျှင် ဒကာ၊ ဒကာမအများစုက ကိုးကွယ်ဆည်းကပ်ကြ၏။
ထို့ကြောင့်လည်း အသက်မွေးဝမ်းကျောင်းမှုကို ကြောက်သောကြောင့် သာသနာ့ဘောင်ဝင်လာသော ဘယပဗ္ဗဇိတ တောထွက်များ၊ ထောင်ထွက်များ၊ အရက်သမားများ၊ ရသေ့ယောင်များ၊ ဘိုးတော်များသည် ဘုရားတည်မည်ဟုဆိုကာ အုတ်မြစ်လောက်စီပြပြီး ဂဏန်းပေးကာ မသိနားမလည်သူ၊ ဘာသာရေးကို အရောင်းအ၀ယ်လို အဘောထားသူ ဒကာ၊ ဒကာမတို့ထံမှ ရသမျှ ငွေညှစ်တော့သည်။
သာသနာကွယ်ခြင်းအဓိကအကြောင်းရင်းသည်လည်း ထိုသို့သော အကြောင်းရင်းများကြောင့် ဖြစ်၏။

အညွှန်း – မြန်မာတို့၏အသက် စာအုပ်။
Posted in ထေရ၀ါဒ(သို့) မူလ (သို့) စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဆိုတာ |

Thursday, July 30, 2009

OUR ESSENTIAL DEBIT

သြော် နာဂစ်- မင်း ငါတို့ကို ညစ်ခဲ့တာ တစ်နှစ်ကျော်ပြီ။ အဖြစ်တော်တော်များများကို ပြန်ပြီး လှစ်ဟကြည့်ရင် အတော်ရင်နာဖို့ကောင်းခဲ့တယ်၊ ယောနိသော မနသိကာရ ဆိုတဲ့ ဘုရားစကား နှလုံးသားဝယ် ရင်ဝယ်ထားလို့ ငါတို့ ဗုဒ္ဓဘာသာဝင်တွေ ဖြေသိမ့်ခဲ့ရတယ်၊ ဒါပေမယ့်ကွယ် ယူကြုံးမရ ဖြစ်မိတာတော့ အမှန်ပဲ။ အသက် အိုးအိမ် စည်းစိမ်တွေ ရေမှာမျော မြစ်ဧရာဝယ် အစဉ်မျောနေတဲ့ ဗေဒါတောတွေကမှ ကြည့်တက်ရင် သာယာနိုင်သေးတယ်၊ ဘယ်နေရာ ကြည့်ကြည့် လူသေ အလောင်းတွေက အတိ ပြည့်နှက်လို့နေတဲ့ ဖြစ်အင် အဘယ်မှာ မေ့လို့မရ အစဉ်၊ အိပ်မက်ပင် ဖြစ်နေလေသလား၊ မကြာပါ တွေးစဉ် ထိုစဉ်က အသံတစ်ခု ဂရုပြုလို့ နားစဉ်လိုက်တော့ ဘယ်မှာလဲ ငါ့မိခင်၊ ညီနှင့် အစ်ကိုများပါပျောက်ဆုံး၊ ငါကပင် ငါဟု မထင်ရလောက်အောင် ကြွေကျကာ ပျက်သုံးနေကြတဲ့ ရွာစဉ်ဟို ထိုအရှိရယ်က အို--- မကြည့်ရက်စရာ မနေ့ကဆိုတာ တကယ် မယုံနိုင်ဘု၊ အိုကွယ် တွေးကြည့်ကြပါယခု--------------

နာဂစ်ဆိုတဲ့ အသံကို မကြားချင်အဆုံး ဖြစ်ကြရသူများက ဧရာဝတီတိုင်းသား အများစု ဖြစ်ပါလိမ့်မယ်။ တကယ့် မကောင်းဆိုးဝါး တစ်ကောင်အလား အတော်ပင် ထိတ်လန့်ခဲ့ကြမယ်ဆိုတာ စာဖတ်သူလည်း အသိ ဖြစ်မှာပါ။ ကျွန်တော်က ဧရာဝတီသားပါ၊ ဘိုကလေးသားစစ်စင်၊ ဒါပေမယ့် ကျွန်တော် ကံကောင်းခဲ့တယ်၊ အဲဒီ အဖြစ်ဆိုးထဲက လွတ်ကင်းတဲ့တစ်နေရာမှာ ရောက်နေခဲ့လို့ပါ။ ဒါပေမယ့် တာဝန်မဲ့ ထပ်ဖြစ်နေပြန်ပြီ။

ဘာသာရေးခေါင်းဆောင်ဆိုတာ ဘာသာဝင်တွေက အားကိုးတကြီးနဲ့ အထွဋ်အမြတ်ထား၊ စားဦးစားဖျားကိုရတဲ့ အခွင့်နဲ့ နေရတဲ့သူများပါ။ အဲဒီ အခွင့်ထူးတွေကို ပြန်လည်ပေးဆပ်ခြင်းကိုပင် ကျေးဇူး တုန့်ပြန်တဲ့ အမူအရာ တစ်မျိုးကို ကျွန်တော်ထင်တယ်။ အကျဉ်းချုပ်ကြည့်ရင် လုပ်ငန်း က လွယ်လွယ်လေးပါ။ မကြည်ညိုသေးတဲ့သူတွေကို ကြည်ညိုအောင် ကြည်ညိုပြီးသူတွေကို ထပ်ကာ ကြည်ညိုနိုင်အောင်ပေါ့။ ဒါကိုပဲ သာသနာပြုလမ်းစဉ်လို့ ခေါ်ကြတာပါ၊ အဲဒီလမ်းစဉ်ကို လူသာမာန်လည်း ပြုနိုင်သလို ခေါင်းဆောင်ပိုင်းတွေလည်း ပြုနိုင်ပါတယ်။ ရုပ် နာမ် ပရပတ်တွေကို ကျေညက်အောင်ဟောပြ နိဗ္ဗာန်ကို ရောက်အောင် ထွန်းပြနိုင်တဲ့သူတွေကလည်း ညွှန်ပြလို့၊ အခြေကျအောင် ခိုင်မာ၊ သေချာတဲ့ မိရိုးဖလာ ယဉ်ကျေးမှု ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လောက်ကလေးပဲ ဆိုတက်အောင် သင်ပြနိုင်သူတွေကလည်း သူ့နေရာနှင့်သူ အရေးကြီးလှတယ်။ အဲဒီလို ဆိုနိုင်တဲ့ အရေအတွက် မရှိဘဲနဲ့ အဆင့်မြင့် ပရမတ်တွေကို နားလည်နိုင်တဲ့ အရည်အချင်း ဘယ်လိုမှ မငြင်းနိုင်အောင် ရှားမှာပါ။ အချို့ မြန်မာ စကားပုံတွေကိုက အတော် ကန့်လန့် နိုင်ပါတယ်၊ ဥပမာ အရည်အတွက်ထက် အရည်အချင်းက သာ အထိက ဆိုတဲ့ စကားတစ်ခု။ ရေးခဲ့သူ ဆိုလိုရင်းက အရေအတွက် ဘယ်လောက်များများ၊ အရည်အချင်း မရှိရင် အသုံးမကျ ဆိုတာကို ဆိုလိုဟန် ရှိပေးမယ့် အဲဒီအရည်အချင်းတွေကရော သတ်မှတ်တဲ့ တူညီမှု အရေအတွက် မရှိရင် ဆိုတာကို ပြန်တွေးကြည့်၊ အရှင်းကြီး သိသာပါလိမ့်မယ်။ ထိုလောက် စကားအချီ နိဒါန်း ခင်းနေရတာဟာ အကြောင်းအရင်းမှန်ကို တင်ပြချင်လို့ပါ။(မနက်ဖြန် ဆက်မည်---)

Thursday, July 23, 2009

ရမ်းကုဆေးချက်ကြောင့် ကြွေကျ မြေခရတော့မယ့် လူငယ်များအကြောင်း


စိတ်မကောင်းစရာ ဆိုတာ က အခြားမဟုတ်...သာသနာနေလိုလလို ထွန်းကားနေပါတယ်..ဆိုပီး ကိုယ့်ကလေးတွေ ကို ဘာသာပြောင်းသွားကြတာမျိုးပါ။ ဒီလိုအဖြစ်မျိုးကြားနေရတာက မကြာခဏ။ ဒီလိုသိလာရလေလေ သာသနာပြုနည်းစနစ် ထိရောက်မှု ရှိမရှိ ပြန်လည်သုံးသပ်ဖို့ အရေးတကြီးလိုအပ်နေပြီ လို့ မယူဆနိုင်ဘူးလား။ တစ်ချို့က ပြောတတ်ကြပါသေးတယ်.။ သူ့အဖြစ်နဲ့သူသွားပါစေပေါ့..။ ဘုရားက အနိစ္စ လို့ အစကတည်းက ဟောထားတာပဲ။ ဗုဒ္ဓသာသနာ ဆိုတာလဲ အနိစ္စ ပဲ။ ..ဒီလိုဒီလို။

သေချာမစဉ်းစားနိုင်ရင်တော့ဟုတ်သလိုလိုဘဲ။ ဒီလိုပြောလာသူကိုတော့ ရမ်းကုအဖြစ် နားလည်ရပြီး ပြန်ပြောဖြစ်တယ်။ လူဆိုတာသေမျိုးချည်း။ တစ်နေ့ သေရမဲ့ အတူတူ ထမင်းဘာလို့စားနေသေးလဲ။ အနိစ္စဘဲ.. ထမင်းမစား ဘဲ နေလိုက်ပါလား..လို့။

ဗုဒ္ဓဘာသာ ဟာ ခေတ်စနစ်နဲ့ အံဝင်မှု မရှိဟု တစ်ချို့ပြောတတ်ကြတယ်။ အင်း..ပြောမယ် ဆိုလည်း ပြောစရာပဲပေါ့။ ကြီးပွါးချင်လို့ အလုပ်လုပ်နေရင်ပဲ ဗုဒ္ဓအဆုံးအမ နဲ့သွေဖယ်နေသလိုလို၊ ချမ်းသာချင်လို့ ပိုက်ဆံ စုတာနေတာကို ပဲ လောဘ ကြီးလှ ချည်လှချည်ရဲ့ လို့ ပြောလိုပြော... နဲ့ ။ အဲဒါတွေ ရဲ့ နောက်ဆက်တွဲရလာဒ်က အောင်မြင်ကြီးပွါးတိုးတက်လိုပါက..ဗုဒ္ဓအဆုံးအမ ကို ပစ်ပယ်ကြ....လို့ မပြောပေမဲ့ ပြောသကဲ့သို့ ဖြစ်လာကြပါတယ်။


ဟိုးတစ်ရက်က.... ရန်ကုန်ပြန်ရောက်နေတဲ့ ဒကာမလေးတစ်ယောက်.. အရေးတကြီး အကူညီတောင်းလာပါတယ်။ ကိစ္စ က အခြားမဟုတ်..သူ့ရဲ့သူငယ်ချင်းလေးတွေ ဘာသာပြောင်းကုန်တော့မယ်.ဘုရား..ကူညီပါဦးတဲ့။ အင်္ဂလိပ်စာ တတ်ချင်လို့ ဘုရားကျောင်းတက် စာသင်ရာကနေ.... ....ဒီအခြေကို ဆိုက်ကုန်ကြတာတဲ့..။ ကြီးပွါးတိုးတက်လိုပါသလား... တို့ဘာသာထဲကို ၀င်ပါ.. ဘာလိုချင်သလဲ..ဖြစ်စေရမယ်.၊ သူ့ကို လည်း ဆွယ်သတဲ့.. .. ဒီလိုနော်။

ဒါကို ပဲ ပရမတ်ကြောင် အောက်ခြေလွတ် ဗုဒ္ဓဘာသာ တွေက ပြောကြပါလိမ့်ဦးမယ်. သွားချင်လည်း သွားပါစေ... အရေအတွက်က အရေးမကြီး... ဘာညာ ဆိုပြီး.....။


အရင်းစစ် က အမြစ်မြေက ဆိုသလိုပ.. ဘယ်သူမပြု မိမိမှု ပေပဲ။သင့်မှန်းမသိ.မသင့်မှန်းမသိ..လာသမျှလူကုန်ကို .ရုပ်နာမ် ပရမတ် အနိစ္စ ဒုက္ခ. တွေ ထပ်ခါတလဲလဲ ဟောနေ ပြောနေ ကြွေးကြော်နေကြတော့လဲ ..ကြီးပွါး တိုးတက် လို တဲ့ လူငယ်တွေ လည်း ထွက်လမ်း ရှာကြတော့ပေမပေါ့ ။ ဆေးတစ်ဖုံနဲ့ ရောဂါစုံ ရမ်းကုကြတဲ့ အဖြစ်တွေက မြန်မာဗုဒ္ဓဘသာလူ့အဖွဲ့စည်းအတွင်းက လူငယ်လူရွယ်များအပေါ် ဘယ်လောက်ထိ သက်ရောက်နေခဲ့ပြီလဲ..........

ဒီအတိုင်း ပဲ..........ရှေ့ဆက်သွားနေကြဦးမှာလား.....။ ရုပ်နာမ်ပရမတ်တွေ နဲ့ ရမ်းကု လုပ်ကြဦးမလား....

(စီးပွါးရှာ .ငွေကြေးသုံးစွဲ မှု အပိုင်းမှာ ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှု နားမလည် လိုက်နာမှု မရှိဘဲ ....သန္တုဋ္ဌီ ပရမံ ဓနံ ဆိုလျက်.. ရုပ်နာမ်ပရမတ် အနိစ္စ ဒုက္ခ သုညတတွေ ပြော ငြီးငွေ့ ပြနေခြင်းဟာ........ ခူးလို့မမှီ တဲ့ စပျစ်သီး.. ကို ချဉ်တဲ့ ပြောတဲ့ မြေခွေး လို အဖြစ်နဲ့ ထူးမခြားနား ပါဘဲ လို့.. ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ကို သတိပေးခဲ့ရပါတယ် )။


ရမ်းကုဆေးချက်ကြောင့် သာသနာအညွှန့်အဖူးလေးများ ကြွေပျက်နေကြတာ ဘယ်လောက်များနေပြီလဲ။ ဝေဖန်ဖို့ နဲ့ ဆင်ခြင်နိုင်ဖို့ အတွေ့အကြုံ တစ်ခုကို ဝေမျှ ခြင်း ဖြစ်ပါတယ်။
post by www.ashinkumara.com

Wednesday, July 22, 2009

We can all be good to the core.



We can all be good to the core.

I have yet to meet anyone who would say they didn't want to operate from a position of a solid set of values. I think most of us want to be good to the core. On the surface, the concept of values is intellectually easy to understand. And so I assumed, and maybe you do too, that most of us understand and try live by our values.

However, I've found that it is more challenging than it would appear to be on the surface. In leadership workshops all over the world, I have seen the stunning realization people face when they are given a blank sheet of paper and challenged to write down their own core values.

What I have also seen, among very busy people, is that once they begin to think about it - once their inner flame is stoked - they have a natural burning desire to reconnect to their values. They are inspired when they reconnect to their core. And it is good. Very good!

My hope is that you will be challenged to search inside...

  1. To investigate the real value of knowing your values.
  2. To indicate your own values
  3. To integrate your values into the fabric of your life.

In doing so, I hope you become an orchardist who plants seeds of your core values into the culture of your organization.

Most importantly, I hope you will be inspired to truly live your core values.

My intent is to certainly challenge you, but my greater desire is to walk with you through the orchard of your mind, heart and soul on a journey back to the core. I am convinced when we arrive there, you will be exponentially more valuable.

I hope you can simultaneously experience this idea on two different but related perspectives.

First, from a personal perspective: exploring your personal core values. In doing so, you will be more valuable to your family, your community and certainly within the organization in which you work.

Second, from an organizational perspective: thinking about the values that are the fabric of the culture in which you work. Do they exist? How well are they known? How consistently are they lived?

Most importantly, my wish is that you experience a sense of hope, desire and confidence. Values have a way of revealing the truth. As truth would have it - we build value through values.

And the real truth is - We can all be good to the core.



Monday, July 20, 2009

I repay it forward


"Pay it Forward"(လက်ဆင့်ကမ်းလိုက်)


ဟိုး လွန်ခဲ့သော ၁၁ နှစ်ခန့်က ကြည့်ခဲ့သော အင်္ဂလိပ် ရုပ်ရှင်တစ်ကားကို
မှတ်မှတ်ရရ ဖြစ်မိတယ်။ ကားနံမည်လေးကတော့ Good will hunting ဖြစ်ပြီး
အော်စကာဆုတောင် ရရှိခဲ့ပါတယ်။ ခု ပြောချင်တာကတော့ အဲဒီ ရုပ်ရှင်လေးထဲက
စာသားလေးတစ်ခုပါ။ အဲဒီစာသားလေးကတော့ `pay it forward´ တဲ့။ အဲဒီစာသားလေးကို
အရမ်းသဘောကျပါတယ်။ မြန်မာပြည်က ရောက်လာတာ မကြာသေးတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူ ဒီကိုရောက်ရောက်လာခြင်း အသိတစ်ယောက်မှ မရှိတော့
အလုပ်ရှာတာက အစ ကျွန်မကိုယ်တိုင်ပဲ လိုက်ရှာပေးရပါတယ်။ သူက ကျွန်မကို
အရမ်းကျေးဇူးတင်တယ်လို့ ခဏ ခဏ ပြောပါတယ်။ ဒါပေမယ့် ကျွန်မက `အမရေ ကျွန်မကို
ကျေးဇူးတင်နေမယ့် အစား အသစ်ရောက်လာတဲ့ လူတစ်ယောက်ကို အမသိသလောက် တတ်သလောက်ကလေး
ပြောပြရင် သူအတွက် အကျိုးရှိသွားမှာ´လို့ ပြန်ပြောလိုက်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း အဲဒီ `pay it forward´ စကားလေးကို
တော်တော်သုံးဖြစ်ခဲ့ဘူးပါတယ်။

များသောအားဖြင့် မြန်မာလူမျိုးတွေဟာ ကျေးဇူးခံ၊ ကျေးဇူးစား ဆိုတဲ့ စကားကို
တော်တော်လေး သုံးကြပါတယ်။ `ငါလုပ်ပေးလိုက်လို့ သူဒီလိုဖြစ်လာတာ။ ခု အဆင်ပြေတော့
ငါ့ကိုတောင် အဖက်မလုပ်ဘူး´ ဆိုပြီး တစ်ခါလောက် ကူညီဖူးခဲ့တဲ့ ကျေးဇူးကို
တစ်သက်လုံး ပြောမကုန်အောင်တင်တော့တာပါပဲ။ ကျွန်မတို့ အိမ်မှာ နေတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူကကျွန်မကို အမြဲပြောဖူးတယ်။ ကိုယ်တိုင်လုပ်လို့
ရတဲ့ အလုပ်တွေကို သူများကို အကူအညီ မတောင်းပါနဲ့တဲ့။ တောင်းလိုက်လို့ ရတဲ့
အကူအညီဟာ ဘ၀ တစ်သက်လုံးမှာ ဆပ်လို့ မကုန်ဆုံးနိုင်တော့ဘူးတဲ့။ ပိုက်ဆံနဲ့
ပေးလို့ရတဲ့ ကိစ္စတွေကို ပိုက်ဆံပေးပြီး လုပ်ခိုင်း လိုက်ရတာဟာ ပိုပြီး
ကိစ္စပြတ်တယ်လို့ ပြောပါတယ်။ ပိုက်ဆံပေးလိုက်တော့ ကိုယ်လည်း စိတ်ထဲမထင့်တော့
ဘူး။ သူကိုလည်း ကျေးဇူးတင်နေစရာ၊ အားနာနေစရာ သိပ်မလိုတော့ပါဘူး။ သူလည်း
သူ့တန်ရာ တန်ကျေးရသောကြောင့် ကျေးဇူးခံ၊ ကျေးဇူးစားဆိုတဲ့ စကားသံ ထွက်လာစရာ
အကြောင်းမရှိတော့ပါဘူးတဲ့။ ပထမ အဲဒီစကားသံ ကြားလိုက်ရတော့ ကျွန်မတော်တော်
အံဘြသွားတယ်။ မြန်မာလူမျိုးဖြစ်ပြီးတော့ အဲလိုစိတ်ထားတယ်ပေါ့။ ဒါပေမယ့်
အဲဒီစကားဟာ တော်တော်လေးကို မှန်ကန်ကြောင်း လူများများနဲ့ ပေါင်းကြည့်တဲ့ အခါမှာ
သိလာပါတယ်။

မနေ့တုန်းက ကျွန်မ အစောကြီး အလုပ်သွားရတယ် ။ အိပ်ခြင် မူးတူးနဲ့ ဆင်းရမဲ့
ကားကိတ်ကို ခလုတ်မနှိပ်လိုက်မိတဲ့အတွက် ကားကမရပ်ပဲ ဆင်းရမဲ့မှတ်တိုင်
ကျော်သွားပါတယ်။ ကျွန်မလည်း ပူထူသွားတယ်။ အိပ်ချင်စိတ်တောင်
ဘယ်တွေရောက်သွားမှန်း မသိဘူး။ အလုပ်ကလည်း နောက်ကျတော့မယ်။ လမ်းလျှောက်ဘို့ကလည်း
တော်တော် ဝေးတယ်။ ဘစ်ကားပြန်ဆီး ဘို့ကလည်း တစ်ဘက်လာတဲ့ ဘစ်ကားကို မတွေ့ဘူး။
တော်တော်ကိုစိတ်ညစ်သွားတယ်။ နောက် မထူးတော့ပါဘူး။ ဆောင်းမနက်ခင်းမှာ ကျန်းမာရေး
ဖြစ်အောင် ပြေးမယ်ဆိုပြီး စိတ်ဆုံးဖြတ်လို့ ပြေးပါတော့တယ်။ အဲဒီအချိန်မှာ တက်စီ
တစ်စီးက ဘေးနားမှာ ထိုးစိုက်လာပါတယ်။ ပြီးတော့ ဘယ်သွားမလို့လည်း
သူလိုက်ပို့ပေးမယ်တဲ့။ ကျွန်မကလည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ငါလည်း
မတားပဲနဲ့ ဘာလို့လာရပ်တာလည်းလို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် ကားသမားက
အလကားလိုက်ပို့ပေးမယ် တက်ပါဆိုပြီးပြောတယ်။ ကျွန်မလည်း အလကားဆိုပြီး ဟိုရောက်မှ
ပိုက်ဆံအတင်းတောင်းရင် ဒုက္ခဆိုပြီး အတင်း ငြင်းတာပေါ့။ ဒါပေမယ့် ကားသမားက `မင်း
ဘာပိုက် ဆံမှပေးစရာမလိုဘူးလို့ ပြောတယ်။ ကျွန်မလည်း အလုပ်ချိန်
အရမ်းနီးနေတာနဲ့ပဲ တက်လိုက်ခဲ့ပါတယ်။
ကားပေါ်ရောက်တော့ ကားသမားက သူအရင် တက်စီ မမောင်းခင်တုန်းကလည်း အလုပ်ကို
အမြဲနောက်ကျတတ်သူ ဖြစ်တဲ့ အကြောင်း ကျွန်မလိုပဲ အမြဲပြေးနေရကြောင်း ဒါကြောင့်
ကျွန်မဘ၀ ကိုသူစာနာ ကြောင်း လုံးစိပတ်စိ ပြောပြနေပါတယ်။ ကျွန်မလည်း အဲဒီတော့မှ
ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီလိုနိုင်ငံကြီးတွေမှာ အလကားဆိုတာ တယ်ရှားတာကိုး။
အားလုံးနီးပါး ပိုက်ဆံ ပေးမှရတာဆိုတော့ ခုသူရှင်းပြမှ သဘောပေါက်တော့တယ်။ သူက
ကျွန်မကို အလုပ်ဂိတ်ပေါက်ဝ အထိ ချပေးပါတယ်။ ကျွန်မလည်း သူကို ကျေးဇူးတင်ကြေင်း
အထပ်ထပ်ပြောမိတယ်။ ဒါပေမယ့် သူပြန်ပြီးပြောတဲ့ စကားတစ်ခွန်းဟာ ဘ၀မှာ တစ်သက်လုံး
မှတ်သားလောက်စရာပါပဲ။ မင်း ငါ့ကို ဘာမှ ကျေးဇူးတင်စရာမလိုပါဘူး။ တကယ်လို့များ
မင်း တတ်နိုင်ရင် ငါမင်းကို ကူညီခဲ့သလို မင်းတစ်ခြားတစ်ယောက်ကို ပြန်လည်
ကူညီလိုက်ပါ။ အဲဒါဟာ ငါ့ကို ကျေးဇူးဆပ်လိုက်တာပဲတဲ့။ `pay it forward´
(လက်ဆင့်ကမ်းလိုက်) ပေါ့တဲ့။ ကျွန်မ အလုပ်သာ လုပ်နေရတယ် အဲဒီစကားလေးတစ်ခွန်းကို
စဉ်းစားလို့ မဆုံးသေးဘူး။
အော်... ဒီကမ္ဘာကြီးမှာ အဲလို လူမျိုးတွေသာ
များပြားခဲ့ရင် ကမ္ဘာကြီးဟာ ဘယ်လောက် အေးချမ်းမလည်း။

Template by : kendhin x-template.blogspot.com