သြော် နာဂစ်- မင်း ငါတို့ကို ညစ်ခဲ့တာ တစ်နှစ်ကျော်ပြီ။ အဖြစ်တော်တော်များများကို ပြန်ပြီး လှစ်ဟကြည့်ရင် အတော်ရင်နာဖို့ကောင်းခဲ့တယ်၊ ယောနိသော မနသိကာရ ဆိုတဲ့ ဘုရားစကား နှလုံးသားဝယ် ရင်ဝယ်ထားလို့ ငါတို့ ဗုဒ္ဓဘာသာဝင်တွေ ဖြေသိမ့်ခဲ့ရတယ်၊ ဒါပေမယ့်ကွယ် ယူကြုံးမရ ဖြစ်မိတာတော့ အမှန်ပဲ။ အသက် အိုးအိမ် စည်းစိမ်တွေ ရေမှာမျော မြစ်ဧရာဝယ် အစဉ်မျောနေတဲ့ ဗေဒါတောတွေကမှ ကြည့်တက်ရင် သာယာနိုင်သေးတယ်၊ ဘယ်နေရာ ကြည့်ကြည့် လူသေ အလောင်းတွေက အတိ ပြည့်နှက်လို့နေတဲ့ ဖြစ်အင် အဘယ်မှာ မေ့လို့မရ အစဉ်၊ အိပ်မက်ပင် ဖြစ်နေလေသလား၊ မကြာပါ တွေးစဉ် ထိုစဉ်က အသံတစ်ခု ဂရုပြုလို့ နားစဉ်လိုက်တော့ ဘယ်မှာလဲ ငါ့မိခင်၊ ညီနှင့် အစ်ကိုများပါပျောက်ဆုံး၊ ငါကပင် ငါဟု မထင်ရလောက်အောင် ကြွေကျကာ ပျက်သုံးနေကြတဲ့ ရွာစဉ်ဟို ထိုအရှိရယ်က အို--- မကြည့်ရက်စရာ မနေ့ကဆိုတာ တကယ် မယုံနိုင်ဘု၊ အိုကွယ် တွေးကြည့်ကြပါယခု--------------
နာဂစ်ဆိုတဲ့ အသံကို မကြားချင်အဆုံး ဖြစ်ကြရသူများက ဧရာဝတီတိုင်းသား အများစု ဖြစ်ပါလိမ့်မယ်။ တကယ့် မကောင်းဆိုးဝါး တစ်ကောင်အလား အတော်ပင် ထိတ်လန့်ခဲ့ကြမယ်ဆိုတာ စာဖတ်သူလည်း အသိ ဖြစ်မှာပါ။ ကျွန်တော်က ဧရာဝတီသားပါ၊ ဘိုကလေးသားစစ်စင်၊ ဒါပေမယ့် ကျွန်တော် ကံကောင်းခဲ့တယ်၊ အဲဒီ အဖြစ်ဆိုးထဲက လွတ်ကင်းတဲ့တစ်နေရာမှာ ရောက်နေခဲ့လို့ပါ။ ဒါပေမယ့် တာဝန်မဲ့ ထပ်ဖြစ်နေပြန်ပြီ။
ဘာသာရေးခေါင်းဆောင်ဆိုတာ ဘာသာဝင်တွေက အားကိုးတကြီးနဲ့ အထွဋ်အမြတ်ထား၊ စားဦးစားဖျားကိုရတဲ့ အခွင့်နဲ့ နေရတဲ့သူများပါ။ အဲဒီ အခွင့်ထူးတွေကို ပြန်လည်ပေးဆပ်ခြင်းကိုပင် ကျေးဇူး တုန့်ပြန်တဲ့ အမူအရာ တစ်မျိုးကို ကျွန်တော်ထင်တယ်။ အကျဉ်းချုပ်ကြည့်ရင် လုပ်ငန်း က လွယ်လွယ်လေးပါ။ မကြည်ညိုသေးတဲ့သူတွေကို ကြည်ညိုအောင် ကြည်ညိုပြီးသူတွေကို ထပ်ကာ ကြည်ညိုနိုင်အောင်ပေါ့။ ဒါကိုပဲ သာသနာပြုလမ်းစဉ်လို့ ခေါ်ကြတာပါ၊ အဲဒီလမ်းစဉ်ကို လူသာမာန်လည်း ပြုနိုင်သလို ခေါင်းဆောင်ပိုင်းတွေလည်း ပြုနိုင်ပါတယ်။ ရုပ် နာမ် ပရပတ်တွေကို ကျေညက်အောင်ဟောပြ နိဗ္ဗာန်ကို ရောက်အောင် ထွန်းပြနိုင်တဲ့သူတွေကလည်း ညွှန်ပြလို့၊ အခြေကျအောင် ခိုင်မာ၊ သေချာတဲ့ မိရိုးဖလာ ယဉ်ကျေးမှု ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လောက်ကလေးပဲ ဆိုတက်အောင် သင်ပြနိုင်သူတွေကလည်း သူ့နေရာနှင့်သူ အရေးကြီးလှတယ်။ အဲဒီလို ဆိုနိုင်တဲ့ အရေအတွက် မရှိဘဲနဲ့ အဆင့်မြင့် ပရမတ်တွေကို နားလည်နိုင်တဲ့ အရည်အချင်း ဘယ်လိုမှ မငြင်းနိုင်အောင် ရှားမှာပါ။ အချို့ မြန်မာ စကားပုံတွေကိုက အတော် ကန့်လန့် နိုင်ပါတယ်၊ ဥပမာ အရည်အတွက်ထက် အရည်အချင်းက သာ အထိက ဆိုတဲ့ စကားတစ်ခု။ ရေးခဲ့သူ ဆိုလိုရင်းက အရေအတွက် ဘယ်လောက်များများ၊ အရည်အချင်း မရှိရင် အသုံးမကျ ဆိုတာကို ဆိုလိုဟန် ရှိပေးမယ့် အဲဒီအရည်အချင်းတွေကရော သတ်မှတ်တဲ့ တူညီမှု အရေအတွက် မရှိရင် ဆိုတာကို ပြန်တွေးကြည့်၊ အရှင်းကြီး သိသာပါလိမ့်မယ်။ ထိုလောက် စကားအချီ နိဒါန်း ခင်းနေရတာဟာ အကြောင်းအရင်းမှန်ကို တင်ပြချင်လို့ပါ။(မနက်ဖြန် ဆက်မည်---)










































0 comments:
Post a Comment