Wednesday, January 21, 2009

မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ

ပင်လယ်ကို မျှားယူဖို့
ထွက်လာခဲ့ပြီးမှတော့
မြစ်တစ်စင်းကို ထမ်းပြီး
ငါ လှည့်မပြန်ချင်ဘူး.....။

မြှားတစ်စင်းရဲ့ တန်းဖိုးကို
လေးညှို့ရှင် အသိဆုံးပါ
သေချာ ချိန်ရွယ်ပြီးမှ
ပစ်လွှတ်လိုက်တဲ့ မြှား
ပစ်မှတ်ထိမှ ဖြစ်မယ်......။
မိုးတိမ်တွေလို အိမ်အပြန် ၊ ကောင်ကင်ကို ၀တ်ရုံပြီး ၊ ခြင်္သေ့တို့ရဲ့ ကပွဲမှာ ၊ ပန်းပွင့်စည်းဝါးနှင့် ၊ လမင်းကိုတွဲပြီး
ငါ အတူ ကမယ်......။ (အရှင်အစ္ဆရိယ)

အနှိုင်းမရှိသော ပီတိ

ကျွန်တော် ငယ်ရွယ်စဉ်က စလို့ သိတက်ချိန်အထိ စာဖတ်တဲ့အလေ့အကျင့် မရှိခဲ့ဘူး။ စာပေရဲ့ တန်ဘိုးကိုမှ မသိတော့ ဖတ်ချင်စိတ်မရှိတာတော့ မဆန်းဘူးလေ။ နောက် စာမေးပွဲတွေ ဖြေဆို၊ တဆင့်ပြီး တဆင့် အောင်မြင့်လို့၊ အလယ်တန်းအဆင့်ရောက်တော့ စာအုပ်လေး တစ်အုပ် အမှတ်မထင် သူငယ်ချင်းတစ်ယောက်ဆီက ရခဲ့တယ်၊ ပျင်းပျင်းရှိတာနဲ့ လှန်လှော ဖတ်ကြည့်တော့ ဆရာတော်ကြီး တစ်ပါးရဲ့ ဆုံးမ စကား ဖတ်မိတယ်။ စာတစ်လုံး ဘုရားတစ်ဆူလို့ သူသူငှာငှာ ပြောတက်ကြပေမယ့် ဘာကို ဆိုလိုသလဲဆိုတာ မသိခဲ့တာ အမှန်၊ ဆိုလိုရင်းကတော့ဗျာ။ ကိုယ်ဖတ်လိုက်တဲ့ စာတစ်ပိုဒ် နှစ်ခြိုက်ပြီး လိုက်နာ ကျင့်သုံးတက်မယ်ဆိုရင် ဘုရားရှင် တစ်ပါး ကိုယ့်နားလာပြီး ဆုံးမ သလိုပါပဲ ဆိုတာကို တင်စားတာ ဖြစ်နိုင်ပါတယ်။ ဆိုလိုရင်းက အဲဒီ စာတစ်ပိုဒ်ကြောင့်ပဲ လွဲမှားစွာ ရင်ဝယ်ပိုက်ခဲ့တဲ့ အမုန်းတရား တစ်ခု ၊ ဆူးနစ်နေတဲ့ အာဃာတ တရား၊ လူမျိုးများနဲ့ ဘာသာရေး ကွဲကွဲပြားပြား မသိပဲ အသဲထဲ နစ်နေတဲ့ ဆူးတစ်ချောင်း တခဏ ချင်းပဲ ဖယ်စွမ်းနိုင်ခဲ့တယ်၊ ဒါက စကားစပ်မိလို့ပါ။
စာရေးဆရာတွေ ကမ္ဘာမှာ များစွာ ရှိတယ်၊ ၀ါသနာကို အရင်းခံလို့ စီးပွါးရေးနဲ့ စက်နွယ်ပြီး စာတွေ ရေးသားခဲ့ကြတယ်၊ အချို့လည်း ၀ါသနာသက်သက်နဲ့ ရေးကြတယ်၊ အမျိုးမျိုးပေါ့။ သူတို့တွေ နိုင်သလောက် တွေးခေါ်ပြီး ပိုင်သလောက် ရေးစွမ်းသမျှတွေကို စာအုပ်တွေ ရိုက်ထုတ်၊ ဈေးကွက်ကို တင်ကာ ပရိတ်သတ်ဆီ အရောက် ပို့ကြတယ်၊ သူတို့ ရေးတဲ့ စာကို ပြန်ဖတ်ရင်း ပီတိ ပွါးရသလို၊ စာဖတ်ပရိတ်သတ်ရဲ့ အားပေးမှုကို ကြည့်ပြီးတော့လည်း ပီတီ ပွါးကြမှာပေါ့။ ဒါတွေကို သူတို့ ကိုယ်တိုင်ပဲ သိမယ်လေ၊ ဘယ်လို အရသာရှိသလဲဆိုတာ။ ဘယ်လိုပဲ အရသာ ရှိရှိ၊ ခေတ်နဲ့ ညှိုပြီး အဲဒီ ခံစားမှု အရသာ ပြောင်းသွားမှာပါ။ စာဖတ် ပရိတ်သတ် ဘယ်လောက် များသလဲ ကို အခြေခံပြီးမှ သိရတော့ သူတို့ စာအုပ် တွေ ရောင်းထွက်ရုံနဲ့ စာဖတ် ပရိတ် သတ် များမှာတဲ့လား၊ ဆိုပါဆို့၊ ၀ယ်ရုံသာ ၀ယ်ပြီး မဖတ်ဖြစ်ပဲ အိမ်မှာ သောင်တင်နေရင်၊ စာကြည့်တိုက်မှာ သောင်တင်နေရင် လက်တလော မဖတ်နိုင်ကြသေးဘူးပေါ့။ အဲဒါကို အထင်မှားနဲ့ ပီတိ ဖြစ်လဲ ရပါတယ်၊ ဒါပေမယ့် ပီတိ အစစ်မဖြစ်နိုင်။
ခေတ်ဆိုတဲ့ ရေစီးကြောင်း ပြောင်းနေတယ်။ လူငယ်တွေလည်း အဲဒီ ခေတ်နဲ့အညီ စီးမျောနေကြတယ်။ ဒါတွေကို ဆန့်ကျင်ပြီး နောက်ပြန်ဆွဲတက်တဲ့ ရှေးဟောင်းဝါဒီတွေလဲ ရှိသင့်တယ်။ အကြောင်းပြချက်ကတော့ ယဉ်ကျေးမှု အမွေ ပေါ့။ စာရေးတာနဲ့ ပက်သက်ရင် ဟိုတုံးက ခေတ် အတိုင်းအဆို စာအုပ်ကြီးကြီးမားမား၊ ခန့်ခန့်ထည်ထည်၊ အကြောင်းအရာ စုံစုံလင်လင် တင်ပြနိုင်မှ စာအုပ်အဖြစ် ထွက်လာပြီး ပရိတ်သတ် အားပေးနိုင်မှာပါ။ အခု ပြောင်းသွားတဲ့ခေတ်မှာ တပြေးညီ အင်တာနက်တွေ အီးမေးလ်တွေကို တီထွင်သူတွေရဲ့ ကျေးဇူးကြောင့် ခံစားနိုင်ကြပြီလေ၊ အဲဒီလို နည်းပညာ ခေတ်မှာ ရေးကြတဲ့ စာရေးဆရာတွေ မီဒီယာတွေက အရင်ထက် အဆ တစ်ရာမက အခွင့်သာ နေကြပြီ။
ကိုယ့်ရဲ့ ကိုယ်ပိုင် ဗဟုသုတ၊ အတွေးအခေါ်၊ အတွေ့အကြုံ ခရီးသွားမှတ်တမ်း စတာတွေကို အပေါင်းအသင်း ခင်မင်ရင်းနှီးသူတွေထံ မျှဝေနိုင်ကြပြီလေ။ သူ့ထက် ရှေ့ တစ်လှမ်းတိုးပြီး Blog ဆိုတဲ့ စာမျက်နှာ တစ်ခုကိုပါ ယူတက်မယ်ဆိုရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှု ခံရတော့မှာပေါ့၊ နည်းပညာရဲ့ အသီးအပွင့် ခေတ်ရဲ့ အလိုဆန္ဒတွေပါ။ ဒါကတော့ ခေတ်နှစ်ခုရဲ့ စာရေးဆရာတွေအပေါ် ပြောင်းလဲ စေတဲ့ အချက်နှစ်ချက်ပါ၊
ကျွန်တော် Blog တစ်ခု ပိုင်ဆိုင်ထားခဲ့တယ်၊စာရေးဆရာမဟုတ်ဘူးနော်။ ဘာရယ်တော့မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်နဲ့ စပ်လို့၊ နေ့စဉ် တွေ့မြင်ရတဲ့ မြင်ကွင်းလေးတွေ၊ ခံစားရတဲ့ အာရုံလေးတွေကိုပေါင်းစု ကောင်းမှုပြုတာလေးတွေ အပါအ၀င် ညီ အစ်ကို မောင်နှမတွေ ဖတ်နိုင်အောင် စာမူလေးတွေရေး၊ ဓာတ်ပုံလေးတွေ စု၊ကြည့်ရှုကောင်းအောင် မွမ်းမံနေတယ်လေ။ စပြီး ရေးကာစတုံးကဆို တစ်နေကုန်လို့ ကိုယ့်စာ တစ်ယောက်မှ လာမကြည့်ကြဘူး၊ ၀မ်းနည်းမိတယ်။ နောက်ပိုင်း စာဖတ်သူ တစ်ယောက် နှစ်ယောက် ဖတ်နေတယ်လို့ သင်္ကေတ ပြတော့ ဘယ်လို မှန်းမသိဘူး၊ ၀မ်းသာမိတယ်။ ကိုယ်ရေးထားတဲ့ အကြောင်းအရာ၊ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ပုံရိပ်လေးတွေ၊ သူတို့ သူတို့ ကြည့်နေ၊ ဖတ်နေ၊ လေ့လာနေကြပါလားဆိုတဲ့ အတွေးက အာရုံငါးပါးကို ကျော်လွန်ပြီး အထွဋ်အထိပ် ပီတိ ဆိုတဲ့ အရသာကို ခံစားရတယ်၊ စာဖတ်သူ ရှိနေတယ်ဆိုတဲ့ ပြသတဲ့ သင်္ကေတကို ကြည့်တိုင်း အဲဒီစိတ်က လုံးဝ မကွဲပြားပဲ ဖြစ်မိတာပါ၊ လူ့ရဲ့စိတ်က မတည်ငြိမ်တဲ့ သဘော ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက် တူညီတဲ့စိတ် ဖြစ်မိတာ အဲဒီ တစ်ချိန်ပါ။
သင်ရော အဲဒီလို ခံစားဖူးသလား၊ အဲဒီလို ခံစားချင်ပါသလား၊ ကျွန်တော့်လို ဘလော့တစ်ခု ပိုင်ဆိုင်ထားပြီး သင့်ရဲ့ နေ့စဉ် တွေ့ကြုံ ခံစားချက်တွေကို ဖေါ်ပြလိုက်ပါလား၊ အတိုင်းမသိတဲ့ အရသာ ခံစားဖူးပါမှာ။ သင်ကိုယ်တိုင် ခံစားကြည့်စေချင်တယ်။ ပီတိဆိုတာ ကျွန်တော်လဲ အရင်က စာထဲမှာပဲ ဖတ်ဖူးတာ။ အခုမှ ခံစားရလို့ သင့်ကိုလည်း ခံစားကြည့်စေချင်တယ်လေ၊ အေးမြတယ်၊ သာယာဖို့ကောင်းတယ်၊ အပူအပင် လုံးဝမရှိ၊ မာန်မာန လုံးဝ မပါ၊ ဖြူစင်မှု သက်သက်ဖြင့်သာ ဖြစ်ပေါ်တက်တဲ့ ပီတိ သင် ရရှိနိုင်ပါစေ။

Template by : kendhin x-template.blogspot.com