Friday, September 19, 2008

မောင်ချစ်ငယ်- ခွဲစိတ်ကုသမှု

Maung Chit Nge is an 8 years old boy who has 3rd degree burn on his body and needed graft surgery on his body.

The cause is not related to Nargis but he showed up to the monastery where a local volunteer doctor from Yangon was treating patients in the villages for Nargis's victims. . He received his burn because of the fire at his house about 7 months ago.

While he was sleeping inside the masquiste net, he little brother was looking for the mom with the candle and got the mosquito net on fire. When the volunteer doctor saw the condition of burn, he treated Maung Chit Nge and took a picture of him. After the trip, the doctor consulted with A shin Pandita and brought Maung Chit Nga to Yangon to treat his burn with a burn specialist.

A friend introduces me to Ashin Padita and told me about the Maung Chit Nge's story. When I met him, I wanted to help him. Since I am not in the medical field, the only way I can help is by paying for the medical expenses.

Now, he has completed the first surgery and still wearing cast and bandages. He seems to be doing better because he is active and playing. He will need physical therapy because he hasn't moved his arm for a long time.

The status of his medical condition is reported to me by my friend Daw Nwe Nwe by email. Also, the volunteer doctor and his plastic surgeon have been closely monitor and taking care that he will be able to recover sooner than expected.

After 3 weeks stays at the hospital for the recovering, he will go back to Bogalay city near his village. After 3 months, he and his father will come back to Yangon for another surgery. The expenses were calculated and given to local people to monitor the activities and to take care of Maung Chit Nge and his father who are staying in Yangon. you can see all photos by http://wisepandita.multiply.com/photos/album/7/
Post by Mr.Tony(USA)

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ မှတ်တမ်းများ



၂၀၀၆ ခုနှစ် မှာဖြစ်တယ်။ ရွှေပေါက်ကံ မြို့သစ် မော်ကျွန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ လေ့လာဆည်းပူးနေကြတဲ့ ကလေးများဖြစ်တယ်။ အကြောင်းစုံ ထပ်ဖေါ်ပြပေးပါ့မယ်။
ဝါဆိုလပြည့်နေ့အကြောင်း အကျဉ်းချုပ်-MSMA ကျောင်းသားတစ်ပါးက ဖေါ်ပြသည်။
၁၇. ၀၇. ၂၀၀၈ နေ့သည် ၀ါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဝါဆိုလပြည့်နေသည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။
ဘုရားအလောင်းတော်မြတ် သန္ဓေယူသောနေ့၊ ဘုရားအလောင်းတော် တောထွက်တော်မူသည့်နေ့၊
ဓမ္မစကြာတရားဦး ဟောကြားတော်မူသည့်နေ့တို့မှာဝါဆိုလပြည့်နေ့ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ထိုကြောင့် ရှေးမြန်မာကြီးတို့က သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်ခါကို လ၀ါဆို။ ဟူ၍မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ဗုဒ္ဓဘာသာနွယ်ဝင်မြန်မာလူမျိုးတို့မှာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ အလှုအတန်း ပြုလုပ်ခြင်း၊ ၀ါဆိုသင်္ကန်း ၀ါဆိုပန်းကပ်လှူ
ပူဇော်ခြင်း စသောကုသိုလ်ကောင်းမူများကိုပြုလုပ်လေ့ရှိကြပါသည်။မြတ် စွာဘုရားရှင်၏ ဖြစ်တော်စဉ်များနှင့် ဆက်စပ် မူရှိသည့်ဝါဆိုလပြည့်နေ့တွင် မြန်မာပြည်သူ ပြည်သားများ အားလုံး ရောက်ရာအရပ် ကနေ အကုသိုလ်အမူများကို ရှောင်ရှားနိုင်ကြပြီး။ ကုသိုလ်ကောင်းမူများကို တိုးပွားအောင်အားထုတ်နိုင်ကြပါစေ၊ စိတ်ကောင်းမွေးနိုင်ကြပြီး အမျိုး ဘာသာ သာသနာတော်အကျိုးကိုဆထက်ထမ်းပိုး ရွက်ဆောင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ၀ါဆိုလပြည့်နေ့၌ သီလဆောက်တည်ခြင်း ဒါနပြုလုပ်ခြင်း တရားဘာဝနာပွားများအားထုတ်၍ ကုသိုလ်ယူခြင်း စသောကောင်းမူများကိုပြုလုပ်ကြရန် ပန်ကြားအပ်ပါသည်။

လယ်တီဆရာတော်ကြီး ရေးစပ်တော်မူခဲ့သော ကဗျာစုများ…..

သန္ဓေယူသောနေ့
သုံးလူရှင်ပင်၊ ကျွန်ထိပ်တင်၊ သောင်းခွင်းစကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂို၊ ရွန်းရွန်းစိုသည့်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ၀ယ်၊
ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်၊နတ်လူငြိမ်းဖို့ကိန်းပါကို။
တောထွက်သောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနှနယ်၌၊ သုံးသွယ်ရွေ္ဌနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွေ္ဌစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊
တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။ ။
ဓမ္မစကြာ တရားဦးဟောသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွေ္ဌဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂွီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊
ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွမ်းတယ်ကို။
ဓာတ်ပုံများကို http://wisepandita.multiply.com/photos/album/8/8 ဒီမှာ ကြည့်လို့ရနိုင်ပါသည်။

မျိုးချစ်မြန်မာ (စင်္ကာပူ)၏ လေဘေးအလှူ


ဓာတ်ပုံတွေကို www.wisepandita.multiply.com မှာကြည့်နိုင်သည်။
မျိုးချစ်မြန်မာရဲ့ ကျေးဇူးကြောင့် မြန်မာပြည်ကို ပြန်ခွင့်ရခဲ့တယ်၊ ဓာတ်တော်တိုက်ဆ၇ာတော်ခွင့်ပြုချက်နဲ့ လေဘေးကယ်ဆယ်ရေး ပြုလုပ်ခဲ့တယ်။ ကိုသူရိန် ကိုဇော်မိုး၊ လဲ့လဲ့

(ကိုယ်စားလှယ်များ)နဲ့ ပြည်တွင်းမှ တွေ့ပြီး နယ်ခံ တစ်ယောက်အနေနဲ့  လှူဒါန်းမှုမှာရော သွားလာရေး တည်းခိုရေးကိစ္စတွေပါ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တယ်၊ အဲဒီထဲက ကမကလူကျေးရွာ ဒိုင်နယ် စုစုပေါင်း ရွာ ၁၂ရွာအတွက် ဆန်အိပ် ၂၀၀ လှူဒါန်းပေးခဲ့တယ် ၊ မိမိ ဒကာ ဒကာမတွေကလည်း သိန်း ၂၀ကျော် တန်ဘိုးရှိ စားစရာများကို မိန်းမသားတွေ ကိုယ်တိုင် ဖန်တီးကာ ပြုလုပ် သယ်ဆောင် ရေလမ်းခရီး မကြောက် မရွံ့ လိုက်ကာ လှူဒါန်းခဲ့ကြတယ်။ ကျောင်းတွင်းရှိ ဒုက္ခသည် ငါးရာကျော်ကိုလည်း အလှူရှင်တစ်ယော်ရဲ့ ငွေဖြင့် တစ်ဦးလျှင် တစ်ထောင် ပါဝင် လှူဒါန်းခဲ့ပါသေးတယ်။ ထိုအချိန်အထိ အလောင်းတွေ ရှိနေဆဲ၊ မြင်နေရဆဲပါ။ ၁၆-၁၇၊ မေလ ဖြစ်ပါတယ် ၊ ခရီးစဉ် တစ်ညအိပ် ၂ရက်ခရီးပါ။ ခရီးစဉ်က အတော့်ကို စွန့်စားခဲ့ရပါတယ်။ ရေလမ်းခရီး မသွားဘူးကြတဲ့ ကိုယ့်ဒကာမတွေကိုခေါ်သွားရလို့ပါ။ လူ မပင်ပန်းပေမယ့် စိတ်ပင်ပန်းခဲ့ရတယ်။ သူတို့ တွေထဲက တစ်ယောက်ယောက် အန္တရာယ် ဖြစ်သွားခဲ့ရင်ပေါ့။ ခေါ်သွားလို့ ဘာအကြိုး အမြတ်ရလဲဆိုရင် သူတို့ ကိုယ်တိုင်လှူခွင့်ရခဲ့တယ်။ နောက် သူတို့ နဲ့ ပက်သက်တဲ့ သူငယ်ချင်းတွေကို ပြောပြခဲ့ကြတယ်။။ ဒုက္ခသည်တွေ ဘာလိုအပ်သလဲ။ တကယ်လိုအပ်နေသလား မလိုသလားဆိုတာကို သိသွားကြတော့ လှူချင်စိတ်တွေ ပိုကုန်ကြတာပေါ့။ သူတို့ အသိုင်းအ၀ိုင်းကလူတွေက လှူချင်တဲ့သူတွေချည်းပဲလေ။ ဘယ်လို လှူရမလဲဆိုတာ သိသွားကြတာပေါ့။ နောက်ပီး ဘာမှ မစိုးရိမ်ရမှန်း သိသွားကြတော့ ပိုပြီးလှူဖြစ်သွားတယ်လေ။ ကိုယ်တိုင် ဒုက္ခခံစားရမှ သူများတွေ ဘယ်လောက် ဒုက္ခရောက်သလဲဆိုတာ သိသွားကြတယ်။ ကိုယ်ချင်းစာသွားကြတယ်။ ဒါ့ကြောင့်လည်း သူတို့ နိုင်ရာ စည်းရုံးတယ်။ အလှူငွေတွေ မနည်း ရခဲ့တယ်။ စက်ာပူအလှူရှင်ရဲ့ငွေတွေ လှူဒါန်းခွင့်ရခဲ့တာ အဲဒါကြောင့်ပါ။ တကယ် လိုအပ်တဲ့နေရာကို ကိုယ်တိုင် လှူဒါန်းပေးခဲ့ ကြတယ်လေ။ ဦးဇင်းရဲ့ လေဘေးကယ်ဆယ်ရေးဆင်းတဲ့တချိန်လုံး ရန်ကုန်မှာဆိုရင် အလှူငွေရရှိဖို့ အတွက် နေ့ မအား ညမအား organize လုပ်ပေးခဲ့တဲ့ ဒေါ်နွေးနွေးတို့ အားလုံး လိုအပ်တာကို လိုအပ်သလို ဖြည့်ဆည်းပေးခဲ့တဲ့ ဒေါ်ခင်မာဦး၊ ဒေါ်ခင်ခင်ဦးတို့မိသားစု။ ဘိုကလေးမှာဆိုရင်လည်း မိမိနဲ့  ပါလာသမျှ ဧည့်သည်တွေ တည်းခိုဖို့ ရန် အဆင်ပြေအောင် စားရေးသောက်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တဲ့ ဒေါ်ခင်ကြည်(ကောက်ညှင်းဆန်ရောင်းဝယ်ရေး)မိသားစု၊ ဦးတင်မောင်ပြုံးမိသားစု ၀ိုင်းဝန်း ကူညီပေးခဲ့ကြတဲ့ ညီအစ်ကိုများ အထူးသဖြင့် လုပ်ငန်းတစ်ခုနှင့် တစ်ခု စပ်စပ်အောင် လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ မျိုးချစ်မြန်မာအဖွဲ့ (စက်ာပူ) ကိုသူရိန်၊ ကိုဇော်မိုး၊ လဲ့လဲ့ တို့ အားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ဆိုတာ ဒီနေရာကနေ ပြေပါရစေနော်။
edit add photos delete
0 comments slideshow prints & gifts share

Template by : kendhin x-template.blogspot.com