Saturday, July 18, 2009



My procedure share files

1. Finding place.
2. Advertising program
3. Collection of text books
4. Training assistant teachers.
5. Finding funds.
တနင်္ဂနွေကျောင်းတစ်ကျောင်း(ဘိုကလေး) ဖြစ်ပေါ်လာသည်အထိ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပုံ မူကြမ်းများနှင့် စပ်ယှဉ်၍ အကြံပြု ဆွေးနွေးချက်များ၊
၁. နေရာရှာဖွေခြင်းကိစ္စ။
၂။ သင်တန်းကို အများသိအောင် ပြုလုပ်ရခြင်းကိစ္စ။
၃။ သင်ကြားမူ စာအုပ်များ ရှာဖွေ စုစည်းမှု ကိစ္စ။
၎။ သင်ကြားမည့် ဆရာ ဆရာမများအား လေ့ကျင့်ပေးခြင်းကိစ္စ။
၅။ သင်တန်း ရေရှည် လည်ပတ်နိုင်ရန်အတွက် ၀င်ငွေ ရှာဖွေခြင်းကိစ္စ အားဖြင့် ငါးရပ်ရှိသည်။
ထို အဆင့်ငါးရပ်တွင်----
၁.၁. နေရာရှာဖွေခြင်းကိစ္စတွင် သင်တန်းကို ၀ါသနာပါ စိတ်ဓာတ် အင်အား ပြင်းပြစွာ ဖွင့်လှစ်လိုသော သာသနာ့ အာဇာနည်အရှင်အတွက် မိမိ ကျောင်းပိုင်(သို့မဟုတ်) ခေတ်အမြင် ရှိသော ဆရာသမားကျောင်း (သို့မဟုတ်) မိမိ လုပ်ငန်းကို ၀ါသနာတူ လုပ်ဆောင်လိုသော နေရာကို ဦးစွာ ရှာဖွေရမည်။ ရှာဖွေ ရရှိသည့် နေရာတိုင်းသည် ဘုန်းတော်ကြီးကျောင်းများသာ ဖြစ်သင့်သည်၊ မြို့လယ် ဓမ္မာရုံ၊ ရပ်ကွက်၊ ကျောင်းစသည် တို့ မဖြစ်စေသင့်။ အဘယ့်ကြောင့်ဆိုသော် ယခု ဖွင့်လှစ်မည့်ကျောင်း(Sunday School) သည် ဘုန်းတော်ကြီးသင် ပညာေ၇းကျောင်း ခေတ် စံနစ်သစ် ဖြစ်သဖြင့် ကျောင်းသားများအားလုံး ဘုန်းကြီး ရဟန်း သံဃာ၏ ကျေးဇူးကို သိရှိ နားလည်လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သောကြောင့်တည်း။ ထိုသို့ ကျောင်းတွင် ဖွင့်လှစ်သော ရည်ရွယ်ချက်များသည်--
(က) ခေတ်လူငယ်များ ကျောင်းသို့ လာချင်သောစိတ် ရှိစေရန်၊
(ခ) ရဟန်း သံဃာများထံမှ ခေတ်နှင့်အညီ လိုအပ်သော ပညာများ ရရှိနိုင်သည် ဆိုသော အသိ ကိုယ်စီ ကိန်းအောင်းနိုင်ကြပြီး ရတနာ သုံးပါး ကျေးဇူးကို အထူး သိရှိစေကြရန် ဟူသော ရည်ရွယ်ချက် အထူးကို ဦးတည်၍ ဖြစ်သည်။
၂.၂ သင်တန်းကို အများသိအောင် ပြုလုပ်ရခြင်း ကိစ္စတွင် ကြော်ငြာကဏ္ဍ၏ အရေးပါပုံကို အရှင်မြတ်လည်း အထိုက်အလျောက် သိပြီး ဖြစ်မည်။ လုပ်ငန်းကို ဦးဆောင် လုပ်မည့် ပုဂ္ဂိုလ်၏ အရည်အချင်း၊ လုပ်ငန်းမှ ထွက်ပေါ်လာမည့် အကျိုးရလဒ်၊ ထိုလုပ်ငန်းကြောင့် အနာဂတ်တွင် ထွက်ပေါ်လာမည့် ဘ၀ အာမခံချက် တို့ကို တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများ၊ ထောက်ပံ့ပေးမည့် အလှူရှင်များ သိဖို့ရန် အတော်ပင် အရေးကြီးသည်။ ထို့ကြောင့် အများသိအောင် ပြုလုပ်ရခြင်းကို ကြွားဝါသည့် လုပ်ငန်းဟု မထင်မှတ်ပဲ ပြုလုပ်သင့်သည်။
၃.၃ သင်ကြားမူစာအုပ်များ ရှာဖွေ စုစည်းမှု ကိစ္စ တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်္ခန်းစာများ၊ Language သင်္ခန်းစာများ၊ ကလေးငယ်များ စိတ်ဝင်စားမည့် ကဗျာ ပုံပြင် (မြန်မာ၊အင်္ဂလိပ်)များ၊ ယဉ်ကျေးလိမ်မာ(မြန်မာ ၊ အင်္ဂလိပ် ) ပန်းချီပုံများကို စုစည်းသင့်သည်။ (ရှာဖွေ စုဆောင်းပြီးသားများကိုလည်း အသင့် အလှူခံ ရရှိနိုင်သည်)။ သို့မှ သာ မိမိတို့၏ Sunday School ကိုယ်ပိုင်မူဖြင့် ပို့ချချက်တို့ကို ကိုယ်တိုင်လည်း သင်ကြားမှု ပိုင်းဆိုင်ရာ လွယ်ကူ၍ အများသူငှာ လိုအပ်သည်ဖြစ်စေ၊ လှူဒါန်းလိုသည်ဖြစ်စေ၊ ကြည့်ရှု လေ့လာလိုသည်ဖြစ်စေ အရန်သင့် မျှဝေနိုင်မည်ဖြစ်သည်။
၎.၄ သင်ကြားပေးမည့် ဆရာ ဆရာမများအား လေ့ကျင့်ခြင်းကိစ္စရပ်သည် အထူးပင် အရေးပါလှသည်။ ဦးဆောင် ဆရာတော်သည် ကိစ္စများစွာကို စီစဉ် ညွှန်ကြား နေရခြင်းဖြစ်၍ သင်ကြားမှု ပိုင်းဆိုင်ရာ အတန်းစုံကို ၀င်ရောက်ဖို့ရန် မဖြစ်နိုင်ချေ၊ သို့ကြောင့် အကူ ဆရာ ဆရာမများ ရှိသင့်သည်၊ ရှိသင့်သည်ဆိုရာတွင်လည်း အရေအတွက်အားဖြင့် ကျောင်းသားလက်ခံ ထားရှိမှုအပေါ် မူတည်ပြီး အနဲ အများ ကွဲပြားနိုင်သည်။ မည်သို့ဆိုစေ အကူဆရာ ဆရာမများအား လေ့ကျင့် သင်ကြာပေးရမည်။
၎.၄.၁ ကျွမ်းကျင်အဆင့်တို့အား ငှားရမ်းမှု
သင်ကြားပေးမည့် ဘာသာရပ်များကို အနှစ်ချုပ်လျှင်
(က) ဗုဒ္ဓဘာသာ သင်္ခန်းစာများ၊
(ခ) ယဉ်ကျေးလိမ်မာ ကဗျာများ၊
(ဂ) အတန်းဆိုင်ရာ ဘာသာရပ်များ၊
(ဃ) နိုင်ငံတကာသုံး ဘာသာရပ်များ၊
(င) သင်္ချာဘာသာရပ်များ (အရံ) တို့ဖြစ်ကြသည်။
ထိုဘာသာရပ်များတွင် (က) (ခ) ဘာသာရပ်များသည် ရဟန်းတော်များ အများစု ကြိုတင် လေ့လာ ပြီးသည့်အတွက် အခက်အခဲ များစွာ မရှိဟု ယုံကြည်သည်။ ဘီအေ အမ်အေ ဘွဲ့ရပြီးသူများအတွက်လည်း ကျန် ဘာသာရပ်များတွင် အခက်အခဲ မရှိနိုင်၊ သို့သော် ကိုယ်တိုင် ၀င်၍ သင်ကြားပေးဖို့ရန် အလုပ် မမျှ၍ အကူ ဆရာ ဆရာမ ရှာဖွေရမည်၊ ကျွမ်းကျင် ဆရာများကို ရှာဖွေလျှင် ထိုသူများအတွက် ထိုက်သင့်သည် ညာဏ်ပူဇော်ခ(လခ) ပေးရမည်ဖြစ်သည်။ သို့သော် လိုအပ်ပါသည်။ သို့မှသာ ထိုဘာသာရပ်သင်ကြားမှုအတွက် စီစဉ်သူသည် အလုပ် တစ်ဝက် သက်သာမည်ဖြစ်သည်။ အနည်းဆုံး သုံးဦး လိုအပ်မည်။ ကျောင်းသာ အရေးအတွက် နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ အတန်း အဆင့်များကို လေးဆင့် သတ်မှတ် ထားသင့်သည်။ Level I, II, III, IIII ဟူ၍ ဖြစ်သည်။ အတန်း လေးတန်း ရှိသည့်အလျောက် စာသင်ချိန် စတင်သည်နှင့် တပြိုင်နက် သင်ကြားဖို့ရန် ဆရာ လေးဦး အရန်သင့်ရှိမှ ဖြစ်မည်။ နိုင်ငံတကာ စာသင်နှုန်းအတိုင်း သင်ကြားမှုပိုင်းဆိုင်ရာကို ကိုင်တွယ်လျှင် ပို၍ ထိေ၇ာက်မှု ရှိသည်ကို တွေ့ရသည်။ သင်ကြားချိန် နှစ်နာရီခန့်ရှိသည့် အတန်းတွင် နာရီဝက်ခန့် တာဝန်ခံဆရာက သင်ကြာပေးသည့် လေ့ကျင့်ခန်းများကို နာရီဝက်ခန့် ထပ်မံ အချိန်ယူ၍ အကူဆရာတစ်ယောက်ကို ကျောင်းသား ဆယ်ယောက်စီ ခွဲ၍ ပြန်လည် ဆွေးနွေးခြင်း၊ အနီးကပ် မေးမြန်းနိုင်ရန် အခွင့်အလမ်းပေးခြင်း၊ နားမလည်သည့် ကျောင်းသားကို ထပ်မံ မေး ဖြေ ပြုလုပ်ပေးခြင်း၊ သင်္ခန်းစာအလိုက် ပေးထားသော Game များ၊ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို အစုလိုက် အစုလိုက် ပျော်၇ွှင်စွာ အပြန်အလှန် ဆွေးနွေးကြခြင်းစသော activity များကို အကူဆရာနှင့် အနီးကပ် ပြုလုပ်နိုင်ခြင်းဟူသော အားသာချက်ကို ရရှိမည်။ ထိရောက်မှု ရှိမည်ဖြစ်သည်။ နာရီဝက်ပြည့်လျှင် တာဝန်ခံဆရာမှ အတန်းအလိုက် ပြန်လည် ခေါ်ဆောင်၍ နောက်ထပ်နာရီဝက် သင်ကြား၊ နာရီဝက် ဆွေးနွေးစေခြင်းဖြင့် သင်ကြားမှု နှစ်နာရီ အချိန်ကို ကုန်လွန်စေသင့်သည်။ ဤမျှ ရှည်ကြာစွာ ရှင်းပြနေခြင်း၏ ဆိုလိုခြင်း အချက်မှာ အကူဆရာများ (assistant teachers) များစွာ လိုအပ်သည်ဟူသော အချက်ကို ထောက်ပြခြင်းဖြစ်ပါသည်။
အကူဆရာများအား ငွေကုန်ခြင်းမရှိပဲ ရေရှည် လက်တွဲနိုင်သည်အထိ ရှာဖွေစုဆောင်းပုံစံနစ်။
Sunday School (ကလေးငယ်များအတွက်) ကျောင်းဖွင့်သည်ဟူ၍ပင် ရပ်တန့်မထားပဲ၊ ဘွဲ့ရ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ မိမိ အရပ်ဒေသတွင် အနဲနှင့် အများ ရှိကြမည်။ ထိုကျောင်းသား ကျောင်းသူ လူငယ်များအတွက် အင်္ဂလိပ်စကားပြောသင်တန်း၊ အင်္ဂလိပ်စာ ရေးသားနည်းသင်တန်း၊ စသည့် ကာလာတို သင်တန်း များကို ဖွင့်လှစ်ပေးပြီး ထိုသင်တန်းသားများအတွင်းမှ သင်ကြားမှု၊ နားလည်တက်ကျွမ်းမှု၊ ရဟန်း သံဃာတော်များအပေါ် လေးစား လိုက်နာမှု၊ ၀ါသနာရှိမှု စသည်များကို အခြေခံပြီး ရွေးချယ်ကာ ကလေးငယ်များ အတွက် ဖွင့်လှစ်ထားသော Sunday School အကူ ဆရာ ဆရာမအဖြစ် ခန့်အပ်သင့်သည်။
ထို အကူဆရာ ဆရာမများသည်ပင် မိမိနှင့် လက်တွဲ သင်ကြားမှု အချိန် ကြာမြင့်သည့် အတိုင်းအတာ တစ်ခု အထိ ရောက်ရှိကြသောအခါ အတွေ့အကြုံပြည့်ဝသော ဆရာ ဆရာမ ကောင်းများ ဖြစ်လာနိုင်၍ မိမိ ကျောင်းအတွက် တသက်တာ အားကိုးထိုက်သူများ ဖြစ်လာနိုင်သည်။
အကူ ဆရာ ဆရာမများကို လေ့ကျင့်သင်ကြားပုံနည်းစံနစ်၊
တနင်္ဂနွေကျောင်းဟူသည့်အတိုင်း တနင်္ဂနွေနေ့တွင် သင်ကြားရမည်။ ရဟန်းတော်များ၏ ယဉ်ကျေးမှုနှင့်အညီ ဥပုသ် နေ့တွင် သင်ကြားသင့်သည်ကား မှန်၏ ၊ သို့ရာတွင် နွေရာသီတွင်သာမက ရက်ရှည် ဖွင့်မှ သင့်မည်ဖြစ်၍ အစိုးရကျောင်းနှင့် အများစု ရုံးပိတ်ရက်တွင်မှသာ အဆင်ပြေမည်ဖြစ်သောကြောင့် တနင်္ဂနွေနေ့ကိုသာ ရွေးသင့်သည်။ သို့ကြောင့် မိမိတွင်လည်း သင်ကြားမူများ အဆင်သင့်ရှိနေပြီး ဆရာကိုင်စာအုပ်ကိုလည်း ရိုက်နှိပ်ပြီး အသင့်ရှိနေလျှင် အကူဆရာ ဆရာများကို တစ်အုပ်စီ ဦးစွာ လေ့လာရန် ပေးထားသင့်သည်၊ စနေနေ့ အားလပ်သည့် တစ်ချိန်ကို ရွေး၍ နှစ်နာရီခန့် သင်ကြားပုံနည်းစံနစ်၊ ကျောင်းသားများနှင့် ဆက်ဆံပုံ၊ နုးညံ့စွာကိုင်တွယ်ပုံ၊ ချစ် ကြောက်၊ ရိုသေ ရှိအောင် ဆက်ဆံပုံများ အပါအ၀င်ဖြစ်သည်။
တစ်ကြိမ်တည်း(သို့) ဆက်တိုက် မဟုတ်ပဲ၊ တစ်ပတ် သင်မည့် သင်္ခန်းစာ(ဥပမာ) ဗုဒ္ဓဘာသာ သင်္ခန်းစာ တစ်မျက်နှာ၊ အင်္ဂလိပ်စာ တစ်မျက်နှာ စသည်ကို ရွေးချယ်၍ အတန်းအလိုက် သတ်မှတ်ကာ ခွဲ၍ သင်ကြားပေးရမည်။ စာမသင်ဘူးသော ကျောင်းသားကြီးများအတွက် အခက်ကြုံရသည်မှာ စာသင်ဘောရှေ့တွင် မတ်တပ်ရပ်ခြင်းပင်ဖြစ်သည်။ သို့ကြောင့် ကြိုတင်သင်ကြားခြင်းအတန်းတွင် လက်တွေ့ လုပ်ဆောင်ပုံကိုလည်း တစ်ခါတည်း ပြုလုပ်ခိုင်းသင့်သည်။ သို့မှသာ တနင်္ဂနွေနေ့ ကလေးများရှေ့ မိဘများရှေ့တွင် ရဲရဲဝံ့ဝံ့ သင်ကြားနိုင်မည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဦးဆောင်သူဆရာတော်နှင့် ဆရာ ဆရာများ၏ ဆက်ဆံပုံစံနစ်၊ သင်ကြားပေးမည့် ဆရာ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသားမိဘများ၏ ဆက်ဆံပုံစံနစ်ဖြစ်သည်။ ဦးဆောင်သူ ဆရာတော်သည် ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ လန့် ကြောက်စေမည့် အမူအရာ အပြောအဆိုများကို ရှောင်ကြဉ်သင့်သည်။ သို့မှသာ ကလေးငယ်များက ဘုန်းကြီး ရဟန်း သာမဏေများအား ရဲဝံ့စွာ အနီးကပ် လေ့လာ မေးမြန်း၊ ပြောဆိုချင်သောစိတ် ရှိမည်ဖြစ်သည်။ ကျောင်းသားများနှင့် မိဘများ၏ ယုံကြည် အားကိုးထိုက်သော အရည်အချင်းမျိုးကို အခါအခွင့်သင့်သလို ပြသ နိုင်ရမည်။
၅.၅ သင်တန်း ရေရှည် လည်ပတ်နိုင်ရန်အတွက် ၀င်ငွေ ရှာဖွေခြင်းကိစ္စ
ထိုကိစ္စသည် အခန်းကဏ္ဍအားလုံးတွင် အရေးပါဆုံး မရှိမဖြစ် လိုအပ်သော ကိစ္စ ဖြစ်သည်။ ငွေကြေးအင်အား တောင့်တင်းခိုင်မာသော သာသနာ့ဒါယကာ ဒါယိကာမ ရှိလျှင်ကား များစွာ ပူပန်စရာမလို၊ သာမာန် ရှာဖွေရမည်ဆိုလျှင် အခက်ကြုံနိုင်သည်။ သို့ကြောင့် လှူဒါန်းလိုသူလည်း နည်းပါးသောအင်အားဖြင့် လှူနိုင်အောင် လုပ်ငန်းလည်း ရေရှည်လည်ပတ်နိုင်အောင် စုဆောင်းသော ငွေစု စံနစ်ကို ကျင့်သုံးသင့်သည်။ လစဉ် အလှူငွေကောက်ခံပုံနည်းစံနစ် အကြမ်းကို ထည့်သွင်း မျှဝေပေးမည်။ ဆက်လက် ဖေါ်ပြပေးပါမည်။


Template by : kendhin x-template.blogspot.com