တတိယနေ့ ခရီးစဉ်ကတော့ မြန်မာပြည် ပုဂံမြို့ဟောင်းလို သီဟိုဠ်မှာလည်း သမိုင်းအထောက် အထား အတိအကျနဲ့ ရှေးမင်းများ အုပ်စိုးခဲ့၊ ဗုဒ္ဓသာသနာကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပုံတွေကို ထင်ဟပ်စေပါတယ်၊ အမှန်တော့ သီဟိုနိုင်ငံက အတော့်ကို ငယ်(သေး)ပါတယ်၊ မြေပုံမှာ ကြည့်လိုက်ရင် အိန္ဒိယတိုက်ကြီးကို တွယ်ပြီး ကပ်နေတဲ့ ရေမျော အမှိုက်ကလေး တစ်ခုလိုပါပဲ၊ ဒါပေမယ့် အတော့်ကို လှပတယ်၊ ရာသီဥတု သာယာတယ်၊ ရေမြေ သဘာဝ သယံဇာတ မြန်မာနိုင်ငံလောက် မရှိပေမယ့် စိုက်ပျိုးရေးကတော့ လဘက်နဲ့ နာမည်ကြီးတယ်၊ လဘက် အခြောက်ပါ၊ မြန်မာနိုင်ငံ မှာက လဘက်ရဲ့ အညွှန့်ကို စားဖို့၊ အရွက် နဲနဲ ရင့်တာတွေကို အခြောက် ပြုလုပ်ပြီး ရေနွေးကြမ်းနဲ့သောက်ဖို့ ပြုလုပ်ကြတယ်၊ သီဟိုဠ်(သီရိလင်္ကာ)မှာတော့ ဒီလိုမဟုတ်ဘူး၊ နုနုလေးတွေကိုမှ သီးသန့်ခူးပြီး အခြောက်ပြုလုပ်တယ်၊ သို့မဟုတ်၊ သိကြား၊ နို့ စသည်တို့နဲ့ တွဲဘက် သောက်လို့ရတဲ့ Tea အမှုန့်ဖြစ်အောင် ဖန်တီးတယ်၊ အရသာ မှာတော့ ထိပ်တန်းပါပဲ။ အဲဒီ လဘက်ခြောက်နဲ့ပဲ နာမယ် ကြီးပါတယ်၊ ဒါကတော့သီဟိုဠ်အကြောင်း တစေ့ တဆောင်းပါ၊
ဆိုလိုရင်းကတော့ ရှေးမင်းတွေ သီဟိုမှာ အခြေချ၊ မင်းပြု အုပ်ချုပ်၊ သာသနာတော်ကို ဘယ်လောက် ထောက်ပံ့ ကြည်ညိုခဲ့သလဲ ဆိုတာတွေ၊ သာသနာဖျက် မင်းဆိုးမင်းညစ်တို့ လက်ထက် ဗုဒ္ဓဘာသာ ဘယ်လောက်အထိ မှေးမှိန်ခဲ့တယ်၊ အဖျက်ဆီး ခံခဲ့ရတယ်ဆိုတာတွေ၊ ယခုအထိ ယဉ်ကျေးမှု စဉ်ဆက် မပျက်အောက် ထိန်းသိန်းခဲ့တယ်ဆိုတာတွေ၊ စတာတွေ စတာတွေ ကို ကြည့်ရှုရင်းနဲ့ တတိယနေ့ တစ်နေကုန် ကုန်ဆုံးခဲ့ပါတယ်၊ ဓာတ်ပုံတွေကတော့ အထွေအထူး မရှိလို့ တင်မပေးတော့ဘူးနော်။
Sunday, January 4, 2009
Subscribe to:
Post Comments (Atom)
မှတ်တမ်းဗွီဒီယိုများ(SS)
မိတ်ဆွေများတည်ရှိရာ
ယခင်ရေးထားသမျှ
- ၀ါး ဟား ဟား
- ၀ိရောဓိဘဝ
- 14.10.08. သီတင်းကျွတ်လပြည့်ည
- 24.2008
- article
- August
- Chinese New Year of Ox
- educational project
- Group Photo
- Lanka မြေ
- Mg Chit Nge
- OUR ESSENTIAL DEBIT
- pay it forward.
- Project Summary
- repost
- simple truth 1
- Singapore Attractions -
- Sunday
- to know
- TP သင်္ကြန်ကို ကြည့်ရှုရင်း ရေးသားသည်
- Translation Practice on Sunday School(1)
- ဂရုဓမ္မ အခါတော်နေ့
- စပ်မိစပ်ရာ အတွေးများ…(၂)
- စပ်မိစပ်ရာများ-
- ဇိတံ မေ(အောင်ပြီ)နိဒါန်း
- ဒါပေမယ့်--------(လင်္ကာဒီပကျောင်းသား)
- ဘုရားတည်ခြင်းသည် သာသနာပြုခြင်းလော။
- မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ
- ရမ်းကုဆေးချက်ကြောင့် ကြွေကျ မြေခရတော့မယ့် လူငယ်များအကြောင်း
- ကြုံရခဲတဲ့ ဒုလ္လဘပွဲ(စင်္ကာပူ)
- ကြုံရခဲတဲ့ ဒုလ္လဘပွဲ(စင်္ကာပူ) ၂
- သင်တန်းဖွင့်ပွဲ)(သို့)အောင်မြင်မှု၏လမ်းစ
- သီဟိုဠ်တစ်ခွင် လှည့်လည်စဉ်
- သီဟိုဠ်တစ်ခွင် လှည့်လည်စဉ်
- အဆိပ်သင့်ပင်စည်
- အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး
- အနှိုင်းမရှိသော ပီတိ
- ဧရာတီတိုင်း၊ ဘိုကလေးမြို့
- ဝေဟင်ခရီးစဉ်
- ကျောင်းဗဟုသုတ
- တောသား မြို့ရောက်---
- ရေးသားသူ- ကိုရင်ယော- လင်္ကာဒီပကျောင်းသား
- နိုင်းနိုင်းစနေ ဘလော့မှ ကူးယူ ခံစား တင်ပြပါသည်။
0 comments:
Post a Comment