Friday, September 19, 2008

မျိုးချစ်မြန်မာ (စင်္ကာပူ)၏ လေဘေးအလှူ


ဓာတ်ပုံတွေကို www.wisepandita.multiply.com မှာကြည့်နိုင်သည်။
မျိုးချစ်မြန်မာရဲ့ ကျေးဇူးကြောင့် မြန်မာပြည်ကို ပြန်ခွင့်ရခဲ့တယ်၊ ဓာတ်တော်တိုက်ဆ၇ာတော်ခွင့်ပြုချက်နဲ့ လေဘေးကယ်ဆယ်ရေး ပြုလုပ်ခဲ့တယ်။ ကိုသူရိန် ကိုဇော်မိုး၊ လဲ့လဲ့

(ကိုယ်စားလှယ်များ)နဲ့ ပြည်တွင်းမှ တွေ့ပြီး နယ်ခံ တစ်ယောက်အနေနဲ့  လှူဒါန်းမှုမှာရော သွားလာရေး တည်းခိုရေးကိစ္စတွေပါ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တယ်၊ အဲဒီထဲက ကမကလူကျေးရွာ ဒိုင်နယ် စုစုပေါင်း ရွာ ၁၂ရွာအတွက် ဆန်အိပ် ၂၀၀ လှူဒါန်းပေးခဲ့တယ် ၊ မိမိ ဒကာ ဒကာမတွေကလည်း သိန်း ၂၀ကျော် တန်ဘိုးရှိ စားစရာများကို မိန်းမသားတွေ ကိုယ်တိုင် ဖန်တီးကာ ပြုလုပ် သယ်ဆောင် ရေလမ်းခရီး မကြောက် မရွံ့ လိုက်ကာ လှူဒါန်းခဲ့ကြတယ်။ ကျောင်းတွင်းရှိ ဒုက္ခသည် ငါးရာကျော်ကိုလည်း အလှူရှင်တစ်ယော်ရဲ့ ငွေဖြင့် တစ်ဦးလျှင် တစ်ထောင် ပါဝင် လှူဒါန်းခဲ့ပါသေးတယ်။ ထိုအချိန်အထိ အလောင်းတွေ ရှိနေဆဲ၊ မြင်နေရဆဲပါ။ ၁၆-၁၇၊ မေလ ဖြစ်ပါတယ် ၊ ခရီးစဉ် တစ်ညအိပ် ၂ရက်ခရီးပါ။ ခရီးစဉ်က အတော့်ကို စွန့်စားခဲ့ရပါတယ်။ ရေလမ်းခရီး မသွားဘူးကြတဲ့ ကိုယ့်ဒကာမတွေကိုခေါ်သွားရလို့ပါ။ လူ မပင်ပန်းပေမယ့် စိတ်ပင်ပန်းခဲ့ရတယ်။ သူတို့ တွေထဲက တစ်ယောက်ယောက် အန္တရာယ် ဖြစ်သွားခဲ့ရင်ပေါ့။ ခေါ်သွားလို့ ဘာအကြိုး အမြတ်ရလဲဆိုရင် သူတို့ ကိုယ်တိုင်လှူခွင့်ရခဲ့တယ်။ နောက် သူတို့ နဲ့ ပက်သက်တဲ့ သူငယ်ချင်းတွေကို ပြောပြခဲ့ကြတယ်။။ ဒုက္ခသည်တွေ ဘာလိုအပ်သလဲ။ တကယ်လိုအပ်နေသလား မလိုသလားဆိုတာကို သိသွားကြတော့ လှူချင်စိတ်တွေ ပိုကုန်ကြတာပေါ့။ သူတို့ အသိုင်းအ၀ိုင်းကလူတွေက လှူချင်တဲ့သူတွေချည်းပဲလေ။ ဘယ်လို လှူရမလဲဆိုတာ သိသွားကြတာပေါ့။ နောက်ပီး ဘာမှ မစိုးရိမ်ရမှန်း သိသွားကြတော့ ပိုပြီးလှူဖြစ်သွားတယ်လေ။ ကိုယ်တိုင် ဒုက္ခခံစားရမှ သူများတွေ ဘယ်လောက် ဒုက္ခရောက်သလဲဆိုတာ သိသွားကြတယ်။ ကိုယ်ချင်းစာသွားကြတယ်။ ဒါ့ကြောင့်လည်း သူတို့ နိုင်ရာ စည်းရုံးတယ်။ အလှူငွေတွေ မနည်း ရခဲ့တယ်။ စက်ာပူအလှူရှင်ရဲ့ငွေတွေ လှူဒါန်းခွင့်ရခဲ့တာ အဲဒါကြောင့်ပါ။ တကယ် လိုအပ်တဲ့နေရာကို ကိုယ်တိုင် လှူဒါန်းပေးခဲ့ ကြတယ်လေ။ ဦးဇင်းရဲ့ လေဘေးကယ်ဆယ်ရေးဆင်းတဲ့တချိန်လုံး ရန်ကုန်မှာဆိုရင် အလှူငွေရရှိဖို့ အတွက် နေ့ မအား ညမအား organize လုပ်ပေးခဲ့တဲ့ ဒေါ်နွေးနွေးတို့ အားလုံး လိုအပ်တာကို လိုအပ်သလို ဖြည့်ဆည်းပေးခဲ့တဲ့ ဒေါ်ခင်မာဦး၊ ဒေါ်ခင်ခင်ဦးတို့မိသားစု။ ဘိုကလေးမှာဆိုရင်လည်း မိမိနဲ့  ပါလာသမျှ ဧည့်သည်တွေ တည်းခိုဖို့ ရန် အဆင်ပြေအောင် စားရေးသောက်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တဲ့ ဒေါ်ခင်ကြည်(ကောက်ညှင်းဆန်ရောင်းဝယ်ရေး)မိသားစု၊ ဦးတင်မောင်ပြုံးမိသားစု ၀ိုင်းဝန်း ကူညီပေးခဲ့ကြတဲ့ ညီအစ်ကိုများ အထူးသဖြင့် လုပ်ငန်းတစ်ခုနှင့် တစ်ခု စပ်စပ်အောင် လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ မျိုးချစ်မြန်မာအဖွဲ့ (စက်ာပူ) ကိုသူရိန်၊ ကိုဇော်မိုး၊ လဲ့လဲ့ တို့ အားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ဆိုတာ ဒီနေရာကနေ ပြေပါရစေနော်။
edit add photos delete
0 comments slideshow prints & gifts share

0 comments:

Template by : kendhin x-template.blogspot.com