Saturday, December 19, 2009

သိစေအပ်ပါသည်. To Know

တနင်္ဂနွေကျောင်း Sunday Dhamma School နှင့် ပက်သက်သော အချက်အလက်များ အားလုံးကို www.dhamma-school.com တွင် အချက်အလက်ပြည့်စုံစွာ ဖတ်ရှု လေ့လာ ရယူနိုင်ရန်အတွက် သီးသန့် စီစဉ် ထားပါသည်၊ ကျေးဇူးပြု၍ သွားလောက် လေ့လာနိုင်သည်၊
The records concerned with our sunday dhamma school have been moved to www.dhamma-school.com with full of data to learn about easy. please kindly go and see. we thanks u a lot.

Friday, November 27, 2009






Type your summary here.

Type the rest of your post here.

Tuesday, November 17, 2009

Group Photo


မမေရီ ဦးဆောင်သော အဖွဲ့ တနင်္ဂနွေကျောင်းကို လာရောက် သင်ကြားပေးမှု မှတ်တမ်း ဓာတ်ပုံ

Tuesday, October 20, 2009

ဒုတိယကြိမ်မြောက် SUNDAY DHAMA SCHOOL သင်တန်းအမှတ်တရပုံများ







နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဘိုကလေးမြို့နယ်ရှိ ကလေးသူငယ်များအတွက် ဒုတိယကြိမ်မြောက် ဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စာ သင်တန်းကို အငယ်တန်းကျောင်းသားကျောင်းသူစုစုပေါင်း သင်တန်းသား ၇၀၀ကျော်ဖြစ်စတင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
သင်တန်းကောင်းစွာလည်ပါတ်နိုင်ရန်နှင့် အကြီးတန်းဖွင့်လှစ်နိုင်ရန်ကြိုးစားလျက်ရှိရာ၊
စေတနာရှင်များ....မိမိတို့တတ်နိုင်သ၍ ပါဝင်လှူဒါန်းနိုင်ပါကြောင်း.....
















Thursday, October 15, 2009

ဒုတိယကြိမ် SUNDAY DHAMA SCHOOL ဖွင့်လှစ်ရန် ပြည်တော်ပြန်ခရီးသွားအတွေ့အကြုံ

ပတ္တိဒါန၊ ပတ္တာနုမောဒန၊ မြန်မာလိုပြုရင်တော့ အမျှပေးဝေခြင်းအလုပ်ပြုလုပ်ခြင်းနဲ့ သူတစ်ပါးတို့ ပြုအပ်သော အမျှကုသိုလ်ကို သာဓုခေါ်ခြင်း ဖြစ်သည်။ ပေါ်လွင်အောင် အဓိပ္ပါယ်ပြုလျှင် ကိုယ် လုပ်ခဲ့တဲ့ မွန်မြတ်တဲ့လုပ်ရပ်၊ ဖြူစင်တဲ့စိတ်ထား စသည်တွေကို သူများလည်း သိပါစေ၊ ရပါစေဆိုတဲ့စေတနာ အပြည့်အ၀ထားပြီး ပြန်ပြောပြလိုက်တာ၊ သိစေလိုက်တာကို ပတ္တိဒါန၊ သူများတွေ ပြုလုပ်ခဲ့တဲ့ မွန်မြတ်တဲ့အမူအရာ၊ ချိုသာ ယဉ်ကျေးတဲ့ စကားတွေ၊ ထားရှိခဲ့တဲ့ ဖြူစင်စေတနာ စတာတွေကို မနာလို ရှုသိမ့်မှုကင်းစွာ ၀မ်းသာမိလိုက်တာ ချီးကျူးမိလိုက်တာ၊ ထပ်တူ ခံစားပြလိုက်တာကို ပတ္တာနုမောဒန လို့လည်း တစ်မျိုး ခံစားနိုင်ပါတယ်။
ဒီနေ့ (၂၇.၀၉.၀၉) တနင်္ဂနွေနေ့ ပေါ့၊ ကိုယ့်ရပ် ဇာတိမြေမှာ အမျိုးသားရေးစိတ်ဓာတ် အပြည့်နဲ့ ကြိုးစားခဲ့တဲ့လုပ်ငန်းလေး ပြန်စတော့မယ် ဆိုလို့ ဦးဆောင်တဲ့သူ တစ်ယောက်အနေနဲ့ ခဏပြန်ရမယ်၊ ငွေကလည်းအလုံအလောက် မရှိတာနဲ့ ဈေးခပ်ပေါပေါလေယာဉ်ပဲ စီးနိုင်ခဲ့ပါတယ်၊ သုံးဆင့် စီးရမယ်လေ၊ သီရိလင်္ကာမှမလေးရှား၊ မလေးရှားမှ ထိုင်း၊ ထိုင်းမှတဆင့် မြန်မာသို့ချီပေါ့၊ ကိုယ်ပိုင်ညံ့ဖြင်းမှု တစ်ရပ်လို့ပဲပြောရမလား လည်လွန်းတဲ့ဘီး ဘာ ဖြစ်ဆိုလား ၀န်ခံပါတယ်၊ လေယာဉ်လက်မှတ် ၀ယ်ကတည်းက သေချာမတွက်ခဲ့မိတဲ့ မဟာအမှားကြီးပေါ့/ဒေါ်လာ သုံးရာလောက်တန်တဲ့ အဲဒီအမှားကို တော့ ရှက်မနေနိုင်တော့ဘူးလေ၊ အများသိအောင် ကြွားချင်ခဲ့တာ။
မလေးရှားမှာ လေယာဉ်ဆိုက်၊ လေယာဉ်တွေ ရာသီဥတုမကောင်းရင် အချိန်မှီ မရောက်တက် တာကို ထည့်မတွက်ခဲ့မိတဲ့ အမှားတစ်ခု၊ အင်မီဂရေးရှင်းလို့ခေါ်တဲ့ နိုင်ငံတစ်ခု အ၀င်အထွက် ခွင့်ပြုချက် ယူရတဲ့ နေရာမှာတန်းစီရင် ကုန်မယ့်အချိန်ကို မတွက်ခဲ့မိတဲ့ နောက်ထပ် မဟာအမှားကတစ်ခု၊ အဲဒီနေရာကနေ ပြန်လည်ထွက်ခွာမယ့် လေယာဉ်ဆီ အရောက်လှမ်းဖို့အတွက် အကွာအဝေးကို မချိန်ဆခဲ့မိတဲ့ မဟာအမှားတစ်ခု၊ နောက်တစ်ခုကတော့ ကိုယ် ဖြတ်သန်းပြီး သွားရမယ့် နိုင်ငံတွေနဲ့ ကိုယ်နဲ့ လိုအပ်မယ့် ခွင့်ပြုချက်မရှိခြင်းဆိုတဲ့ မဟာ့မဟာ အမှားကြီးက တစ်ခု၊ (မြန်မာလူမျိုး ဖြစ်သောကြောင့်-ဟု လို့တော့ ဆိုသတဲ့) ဒီလိုနဲ့ အမှားပေါင်းများစွာကို မလေးရှားရောက်ကတည်းက တစ်နာရီအတွင်း ရင်ဆိုင်ခဲ့ရတဲ့ ထိုမဟာအမှားတွေကြောင့်ပဲ နောက်ထပ်စီးမယ့် လေယာဉ်လက်လွှတ်ဆုံးရှုံး၊ အချိန်ကိုက် ဆိုပြီး ကြီးကြီးကျယ်ကျယ် စဉ်းစားပြီး ဖြတ်ခဲ့တဲ့ လေယာဉ်လက်မှတ်တွေ တောက်လျှောက် ရေစုန်မျော ကုန်တော့၊ နိုင်ငံတကာ လေဆိပ်ကို ကားငှား၊ နောက်ထပ် လေယာဉ်လက်မှတ် တစ်ဆောင် ၀ယ်ရတဲ့ ကုန်ကျမှုတွေ၊ ယခင် ဖြတ်ခဲ့တဲ့ လက်မှတ် ဆုံးရှုံးမှုတွေ ဒါတွေ ဒါတွေကို ရင်ဝယ်ယှက်လို့ ဒေါ်လာ တစ်ရာတန်တဲ့ ဟိုတယ်မှာ တစ်ည အိပ်စက်ပြီး နောက်နေ့မှ ခရီးဆက်ခဲ့ရတယ်။
ဟော အခုတော့ ရောက်ပါပြီ၊ ဌာနေဆီသို့ပေါ့၊ လာကြိုတဲ့ဆရာသမားနဲ့ အားရ၀မ်းသာ နှုတ်ဆက် စကားဆို၊ ကျောင်းအရောက် ပန်းသမျှ နွမ်းလျတာနဲ့ အမောဖြေခဲ့တယ်၊ နောက်ထပ် အမောပြေစရာလား ဒါမှ မဟုတ် သဲကန္တာရထဲ စမ်းတ၀ါးဝါး လျှောက်လှမ်းပြီး နွမ်းလျနေတဲ့သူတစ်ယောက်ကို ရေကြည် ရေအေး တစ်ပေါက် ဖေါက်ကနဲ ကျလာလိုက်သလိုပဲလားမသိဘူး။ ဖုန်းဆက်ဆေ့ခ်ျ တစ်ခု ရှိတယ်လို့ ဆရာသမားက ပြောတယ်၊ မင်းကျောင်းအတွက် ငွေလှူမယ့်သူလို့ ပြောတယ်၊ ၀မ်းသာလိုက်တာ၊ အမောကို ပြေသွားတာပဲ၊ သီဟိုဠ်မှာနေကတည်းက သူငယ်ချင်းတစ်ပါးရဲ့ စေတနာ လှုံဆော်မှုကြောင့်ပဲ ထိုအလှူရှင်တွေက သဒ္ဓါ ပေါက်နေတာ ကြာပီလေ၊ အခုမှ သူတို့လည်း လှူဒါန်းခွင့်ရမှာတဲ့။ ဦးဇင်းအနေနဲ့ ၀မ်းသာတဲ့အနေအထားက သာမာန်နဲ့ မတူပါဘူး၊ လိုချင်တာရလို့ ၀မ်းသာတာတော့ မှန်ပါ့၊ ဒါပေမယ့် ကိုယ့်အတွက်(အတ္တအတွက်) မဟုတ်၊ အများအတွက်၊ ကလေးငယ်တွေ၊ လိုအပ်နေတဲ့ ပညာရေးကဏ္ဍအတွက်၊ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ သာသနာအတွက် (ပရဟိတ)ပါ။ ဒီလိုနဲ့ လုပ်စရာရှိမယ့် အလုပ်တွေကို အစီအစဉ်ချ၊ အလှူရှင်များ အလာကို စောင့်မျှော်နေခဲ့ မိတယ်။
ကိုယ့်စိတ်ထဲမှာ အလှူရှင်တွေက အသက် ခပ်ကြီးကြီး တိုက်ပုံအင်္ကျီနဲ့ ခန့်ခန့်တွေ၊ ဒါမှမဟုတ် အတော့်ကို ဂွစာကျတဲ့ လူကြီးတွေ ထင်ခဲ့တာ။ ဒီတစ်ခါလည်း လွဲပြန်ပြီ၊ ညရှစ်နာရီခန့် လူငယ်နှစ်ဦး ရောက်လာတယ်၊ တနင်္ဂနွေကျောင်းအတွက် လှူချင်လို့ပါဆိုတဲ့ သူတွေလေ။ ခပ်ချောချော ခပ်ခန့်ခန့် လူငယ်နှစ်ယောက်ပါပဲ၊ ကိုယ်ကလည်း အလှူငွေကိုသာ အာရုံစိုက်နေတာနဲ့ ဘာလုပ်လဲ၊ ဘယ်မှာ နေလဲဆိုတာတွေ မမေးမိခဲ့ဘူး။ သူတို့ကတော့မေးရှာပါတယ်၊ အရှင်ဘုရား ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလို ပညာရေးကိစ္စတွေ ဆောင်ရွက်ပါသလဲတဲ့။ ဦးဇင်းလည်း ဖြေလိုက်တယ်။
ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်သာသနာ ကိုယ်သာ မြှင့်တင်မှ မြင့်တော့မယ်၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကလည်း ပညာရေးခေတ်နဲ့အညီ ဖြည့်ဆည်းပေးနေတဲ့အချိန်မှာ၊ ဦးဇင်းတို့အနေနဲ့လည်း တစ်တပ်တအား ပံ့ပိုးကူညီသင့်တယ်လေ။ လူငယ်တွေမှာ အဓိက လိုအပ်နေတဲ့ မွမ်းမံသင်တန်းတွေ၊ လက်တွေ့အသုံးချ အင်္ဂလိပ်စာ သင်တန်းတွေ၊ ဆိုင်ရာ ဆိုင်ရာတွေပေါ့၊ ဒါကတော့ ဦးဇင်းတို့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်သေးဘူး၊ ဘာသာရေးခေါင်းဆောင်တစ်ဦးအနေနဲ့ ရည်ရွယ်တာကတော့ သူတို့ လိုချင်တဲ့ ပညာလည်းပေးတယ်၊ ကိုယ်ပေးချင် စည်းရုံးချင်တဲ့ ပညာတတ် လူလိမ်မာလေးတွေ ဖြစ်ဖို့ကျတော့ ဗုဒ္ဓအဆုံးအမတွေ၊ ကလေးတွေ ပျော်ရွှင်စေမယ့် ကဗျာလေးတွေ၊ ဗုဒ္ဓဖြစ်တော်စဉ် ကာတွန်းလေးတွေ ပြုလုပ်ပေးပြီး ကလေးတွေ ပျော်ရွှင်စေပါတယ်။
ကြုံတုံး ကျောင်းမှာ ဆရာဆရာမတွေ ကျောင်းသားတွေကို အုပ်ချုပ်ပုံ၊ ကိုင်တွယ်ပုံ နည်းစံနစ်လေး တစ်ခုကို ပြောပြခဲ့မယ်နော်။ ဦးဇင်းရဲ့ရည်ရွယ်ချက်ကိုက ကလေးတွေ လူငယ်တွေ ကျောင်းကို လာချင်စိတ် ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်(၁) ပါ၊ ဒါ့ကြောင့်လည်း ကျောင်းမှာရှိတဲ့ အကူဆရာမတွေ၊ ဆရာတွေ အားလုံးကို စနေနေ့ Pre-training ပေးကတည်းက ကလေးတွေ ကျောင်းသားတွေကို မဆူရဘူး၊ မငေါက်ရဘူး၊ ရိုက်ဖို့ဆိုတာဝေးပေါ့၊ နောက်ပြီး ကျောင်းမှာ ကလေးတွေ ဆော့ရင် ကိုယ်တိုင်ပါဝင်ပြီး ဆော့ပေးလိုက်လို့၊ ဟင်၊ ဒါဆို ဆရာတွေ ဆရာမတွေကို ကလေးတွေက မလေးစားတော့ဘူး ရိုင်းကုန်မှာပေါ့လို့ ပြောစရာ ရှိလာမယ်လေ၊ အဲဒီ အတွေးကိုက အတော့ကို မှားခဲ့ကြတာ၊ လူငယ်တွေရဲ့ ရင်ထဲမှာ မြင်နေကြတာက ဆရာ ဆရာမဆိုရင် လက်ထဲမှာ ကြိမ်လုံးကြီးနဲ့၊ တစ်ခုခုလေး အမှားလုပ်မိ လိုက်တာနဲ့ အရိုက်ခံရတော့မယ်။ အဆူခံရတော့မယ်ဆိုတဲ့ ကြောက်စိတ်ကြိး လွှမ်းမိုးနေခဲ့ ကြတယ်၊ ဘုန်းကြီး ရဟန်းတွေဆိုရင်လည်း ဒီအတိုင်းပဲ၊ ကဗျာဆရာတစ်ယောက်ရဲ့ မထင်မှတ်တဲ့ အမှား ကဗျာ တစ်ခု ဖတ်ဖူးတယ်၊ (ကျောင်းကြီးပေါ်တွင် မောင်မဆော့နဲ့ ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်) ဆိုတာပါ၊ အဓိပ္ပါယ်ကတော့-- ကျောင်းမှာ ဘုရားပေါ်မှာ ပြေးလွှား မဆော့ကြနဲ့၊ ဘုန်းကြီး ရဟန်းတွေက ဆူငေါက်ပြီး ရိုက်လိမ့်မယ်လို့ ကလေးတွေကို ခြောက်လှန့်ကြတာပါ၊ နောက်ပြီး ကလေးတွေ ငယ်ငယ်တုံးကဆိုရင် အမေတွေ အဖေတွေက ဟိုမှာ ဘုန်းဘုန်းကြီး လာပြီ၊ ရိုက်လိမ့်မယ်နော်၊ တိတ်တိတ်နော် ဆိုပြီးတော့လည်း ခြောက်လှန့်ကြသေးတယ်၊ သာမာန် တွေးကြည့်ကြမယ်ဆိုရင်တော့ ပြဿနာတစ်ခု မဟုတ်ဘူးပေါ့၊ ဒါပေမယ့် ဇစ်မြစ်ကို လိုက်ကြည့်မယ်ဆိုရင် ကလေးတွေရဲ့ ရင်ထဲမှာ ဆရာ ဆရာမတွေဆိုရင် ကြောက်စရာ တစ်ခုအနေနဲ့ ရင်ထဲမှာ စွဲမှတ်သွားကြပြီ၊ ပုစ္ဆာလေးတစ်ခု ပြဿနာလေးတစ်ခု ပေါ်လာပြီဆိုရင် ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ မတိုင်ပင်ရဲကြတော့ဘူး၊ ဘုန်းဘုန်းကြီးရဟန်းတွေဆိုရင်လည်း အနားမကပ် ရဲတော့၊ ကျောင်းကိုပင် သိပ်မသွားရဲကြတော့ဘူး၊ အဲဒီလို ဖြစ်ပြီးဆိုရင် ကုသိုလ်ရေးတွေ ဆောင်ရွက်ဖို့ ကိစ္စတွေ ဘ၀ သံသရာနဲ့ ယှဉ်ပြီး ဖြစ်ပေါ်လာမယ့် အသိဉာဏ်တွေ မပွင့်လင်းကြတော့ဘူး၊ ဒီိလို လူငယ်ကလေးတွေက ပေါက်ဖွားလာကြမယ့် နောက်ရင်သွေးငယ်လေးတွေဆိုရင် ဘုန်းကြီးကျောင်း၊ ဘုရားစေတီတွေဆီ အသွားအလာ နဲကြတော့မယ်။ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ တဖြည်းဖြည်း ဝေးလာကြတော့မယ်၊ သာသနာဆိုတာနဲ့ အလှမ်းဝေးသွားကြတော့မယ် ဆိုတာကို မတွေးမိကြတာပါ။
အဲဒီလို အဲဒီလို အကြောင်းအရာလေးတွေ ပြောပြ ဆွေးနွေးပြရင်းနဲ့ မိမိလုပ်မယ့် ပညာပါရမီ ကုသိုလ် ရည်ရွယ်ချက်ကို မြင်နိုင်အောင် ရှင်းပြခဲ့မိတယ်လေ။ ဒီလိုနဲ့ အချိန် နဲနဲ နှောင်းလာတာနဲ့ အလှူငွေ ပေးအပ် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ၊ ဂုဏ်ပြု မှတ်တမ်းလွှာလေး ပေးအပ်ပြီးတော့ အလှူဒါနပွဲလေး တစ်ခု ဖြစ်ခဲ့ကြတယ်။
ထူးခြားပြီး မထင်မှတ်တဲ့ အမူအရာလေးတစ်ခုကိုတော့ ကားမှတ်တိုင် လိုက်ပို့ရင်းနဲ့ တွေ့လိုက်တယ်၊ တွေးမိလိုက်တယ်၊ ဒါကို သူတို့ အလှူရှင် လူငယ်လေးနှစ်ယောက် သတိပြုလိုက်မိဟန် မတူဘူး။ ဘာလဲဆိုတော့ ကြည့်မြင်တိုင်ကနေ မင်္ဂလာဒုံကို ပြန်ကြရမှာလေ၊ အချိန်ကလည်း ညဥ့်နက်နေပြီ။ ကိုယ်သာဆို လက်ထဲ စုပေါင်းပြီး လှူထားတဲ့ အလှူငွေတွေ ရှိနေသေးတာ၊ သုံးပိုင်ခွင့်လည်း ရနေကြတာလေ၊ ကားငှားပြီး စီးမှာပေါ့၊ မဟုတ်ခဲ့ကြဘူးဗျာ၊ လိုင်းကားကို ကြပ်ကြပ်တည်းတည်း တိုးပြီး တွယ်စီးသွားကြလေရဲ့၊ အော် တွေးမိလိုက်တာက မကုန်သင့်တာကို မကုန်အောင် သူတို့လေးတွေ ချွေတာတက်ကြတယ်၊ အဲဒီ ကားငှားစီးမယ့် ငွေ လေးထောင်ကျော်ကို သူတို့တွေ အချည်းနှီး မဖြုန်းတီးခဲ့ ကြဘူး၊ ဒီ ငွေနဲ့ တန်နဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်လိုက်မယ်ဆိုရင် ဘယ်လောက်ထိ တာသွားမလဲဆိုတာ လူငယ်နဲ့ မလိုက်အောင် သိတက်လိုက်ကြတာ လို့ အကြိမ်ကြိမ် သာဓု ခေါ်လို့ မဆုံးခဲ့ဘူး။ ကိုယ်စောင့်နတ် ကြားသိလိုက်မှာပါ၊ ဒါ့ကြောင့်မို့လို့လည်း အရှည်သဖြင့် ညီညွတ်စွာနဲ့ လူငယ်လေးတွေ ချည်းသာ ဖွဲ့စည်းပြီး လူကြီးတွေနဲ့မတူ လိုအပ်ရင် လိုအပ်သလို လိုအပ်တဲ့နေရာမှာ ပညာပါရမီတွေ ဖြည့်ဆည်းနိုင်ကြတယ်၊ အခုလိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အကျိုးရှိရှိ အသုံးချနိုင် လှူဒါန်းနိုင်နေတဲ့ ထေရ၀ါဒ ဗုဒ္ဓလူငယ်အသင်း ရေရှည် တည်မြဲပါစေ၊ နောက်နောင်ကိုလည်း ဒီလို အသိ အလိမ်မာ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူငယ်အဖွဲ့အစည်းတွေ များစွာ ပေါ်ပေါက်ကြပါစေ လို့ ဦးဇင်းရဲ့ ရင်ထဲ ခေါ်မိခဲ့တဲ့ သာဓုသံ အားလုံး ကြားကြပါစေလို့ ဆုတောင်းလိုက်ပါတယ်၊ ယခု ပြုခဲ့ကြတဲ့ လူငယ်လေးတွေရဲ့ ကုသိုလ်ကိုလည်း လိုအပ်သူအပေါင်း ရရှိကြပါစေလို့ ပြန်လည် အမျှ ပေးဝေလိုက်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ အမျိုးဘာသာ သာသနာအကျိုးကို ထမ်းရွက် သယ်ပိုး နိုင်ကြပါစေ။
ဘိက္ခုပဏ္ဍိ-လင်္ကာဒီပကျောင်းသား(တနင်္ဂနွေကျောင်း ပညာရေးနှင့် အထွေထွေတာဝန်ခံ အကျိုးဆောင်)

ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်အသင်း ၏ အလှူ





ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်အသင်းဝင်များက SUNDAY DHAMA SCHOOL အတွက်

စာအုပ်ရိုက်ရန် အလှူငွေကျပ် လေးသိန်းတိတိ လှူဒါန်းနေပုံ...

Tuesday, October 6, 2009

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ - တနင်္ဂနွေကျောင်း



ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ - တနင်္ဂနွေကျောင်း ပြန်လည်ဖွင့်လှစ်တော့မည်။






Friday, September 11, 2009

ဝိရောဓိဘဝ

>
>
> ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့။
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။
>
>
> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
>
>
> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။
> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
>
>
> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။
> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။
>
>
> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
> ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့
အတော်နည်းတယ်။
> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
>
>
> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။
> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
အာဂါတ တရားကို မဟုတ်ဘူး။
> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
>
>
> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။
> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။
> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>
>
> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့။
> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
>
>
> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
> နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
>
>
>
> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
နေ့ထူးနေ့မြတ်တွေပါပဲ။
> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
> သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
မြင်ကွင်းကို ခံစားကြည့်ပါ။
>
>
> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
> ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
သက်သက်မဟုတ်ပါဘူး။
> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
>
>
> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>
> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
ဖယ်ရှားလိုက်ပါ။
> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>
>
> သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို
နောက်မကျပါစေနဲ့။
> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
>
>
> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>
> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
by forward mail

Tuesday, September 8, 2009

အဆိပ်သင့်ပင်စည်



> -------------
>
> ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
> ပြောင်းလဲခဲ့ရပါပြီ။ ဒီတော့ ကုတင်သည်
> ရွှေနန်းမဟုတ်ပဲသူမအတွက်အလျှံငြီးငြီးတောက်လောင်နေသော
> သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။
>
> "ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ
> ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
> ချစ်သူ၏နွေးထွေးသောစကားသံများသည်သူမအတွက်ငြိမ့်ညောင်းသောဂီတသံများဖြစ်ခဲ့ဖူးပါသည်။
> "မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ"
> ဘ၀တူမိန်းကလေးများ၏ချီးကျူးမှုကိုခံရသောအခါသူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ရင်ထဲမှာတော့
> တိတ်တခိုးပီတိလှိုင်းတို့အလိပ်လိုက်တက်နေခဲ့ပါသည်။မင်္ဂလာဆောင်ပြီး
> နောက်တစ်နေ့မှာတော့
> သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။
> " ချို-- မင်း ကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"
> "ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"
> "မရဘူးချိုကိုယ့်ခင်ပွန်းရဲ့ဘာသာကိုဇနီးသည်ကလိုက်ယူရတာကိုယ်တို့
> မွတ်စလင်ဘာသာရဲ့ထုံးစံပဲ၊
> ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
> "အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"
>
> "အေးလေအားလုံးချို့အလိုကျထားတယ်လေ
> အခု ချို့ မှာတီဗွီ၊ဗီစီဒီ၊ရေခဲသေတ္တာ၊အဲယ်ကွန်း၊
> တယ်လီဖုန်း၊သွားစရာရှိရင်ကား
> အားလုံးပြည့်စုံနေပြီ။ဒါတွေအားလုံးချို့ကိုချစ်လွန်းလို့
> ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"
>
> အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင်လုံလောက်ပြီလို့
> ထင်ခဲ့တဲ့သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲသူမခင်ပွန်းရဲ့အလိုကျဘာသာ
> ပြောင်းခဲ့ရပါပြီ။
> "ဟယ်...အမေလာတယ်၊၀မ်းသာလိုက်တာအမေရယ်သမီးလေအမေ့ကိုအရမ်းအောက်မေ့နေတာ၊
> အမေနေကောင်းတယ်-နော်"
> "အေး..ကောင်းပါတယ်သမီးရယ်၊.အမေလည်းငါသမီးသားဦးလေးမွေးတယ်ကြားကတည်းကလာချင်နေတာ
> အိမ်မှာလေးချက်ပြုတ်ရေးတာဝန်လက်လွဲလို့မရတာနဲ့တော်တော်နဲ့မလာဖြစ်ဘူး။ဒါနဲ့ငါမြေးကြီးကြည့်စမ်းပါ
> ရစေအုံး ဟယ်။ငါ့မှာမြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ဝမ်းသာနေတာ..ဟဲ့။"
>
>
> အမှတ်မထင်ပြောလိုက်သောမိခင်ဒေါ်ရင်၏စကားသံကြောင့်သူမထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။သူမ၏
> ခင်ပွန်းကမီးဖိုခန်းမှာထမင်းစားနေခိုက်ဖြစ်၍တော်ပေသေးသည်။ဒေါ်ရင်ကတော့သူမအဖြစ်ကိုမသိရှာပဲ
> ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။
>
> ........*................*.........*
>
> အကြားအမြင်ဗဟုသုတနည်း၍ရိုးသားလွန်းသောမိခင်နှင့် မွတ်လင်ဘာသာဝင်
> ခင်ပွန်းသည်တို့အကြား
> ပဋိပက္ခမဖြစ်စေရန်
> သူမသတိကြီးစွာထား၍ဂရုစိုက်ခဲ့သည့်ကြားမှာပင်ပြဿနာကရိုင်းပြစွာဝင်ရောက်လာခဲ့
> ပါသည်။
> "ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"
> "ဟင်...အမေဘာလုပ်မိလို့လဲ"
>
> "ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို
> ဆွမ်းထွက်လောင်းတာငါကိုယ်တိုင်မြင်လိုက်လို့ပေါ့"
>
> "သြော်-အစ်ကိုရယ်ရွာမှာလဲအမေကနေ့တိုင်းဒီလိုဆွမ်းလောင်းနေကျလေ။ဒီမှာလည်းထမင်းဟင်းအဆင်
> သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"
>
> "မလိုချင်ဘူးကွာ-သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာငါမကြိုက်တာမလုပ်ရဘူး
> ဒီကိစ္စမင်းပြောရင်ပြော
> မင်းမပြောရင်ငါပြောရလိမ့်မယ်။"
>
> "အို-အကိုပြောစရာမလိုပါဘူး၊ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"
>
> မိခင်အားရန်လိုထိပါးလာမည့်ကိစအတွက်သူမကြမ်းတမ်းစွာတုန့်ပြန်လိုက်ချင်ပါသည်။သို့သော်ပြဿနာက
> ပိုကြီးထွားလာနိုင်သည့်အတွက်နာကျင်မှုတို့ရောစွက်နေသောဒေါသကိုအသာမျိုသိပ်ထားလိုက်ရသည်။
>
> သူ့မိခင်ပြန်သောနေ့တွင်မော်တင်သင်္ဘောဆိပ်သို့သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ကားပေါ်ကအဆင်းမှာပင်
> ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သောရွာသူအိမ်နီးချင်းမိန်းကလေးများနှင့်ဆုံဖြစ်သည်။
>
> "ဟယ်-မချိုဝလာလိုက်တာဟယ်၊သူဌေးမရုပ်တကယ်ကျတယ်သိလား၊နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။
> ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
> "အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ငါမှာအပြင်လဲကောင်းကောင်းထွက်ခွင့်မရ၊သားလေးကလည်း
> ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
> "သြော်ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာဆိုင်းပါတယ်သိလား၊တန်ဆောင်တိုင်မီးပန်းတောင်းလှည့်ပွဲက
> လဲ
> အရင်နှစ်တွေထက်ပိုစည်မှာရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာငွေမတည်ပြီးမီးပန်းတောင်းပွဲကိုအထူး
> စပါယ်ရှယ်လုပ်ပေးမှာတဲ့။အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
> "အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"
>
> ပြောသာပြောရသည်သူမဘ၀သည်ရွာကစည်ကားလှသောအလှူပွဲ၊ကထိန်ပွဲများနှင့်အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။
> "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု"
> တချက်လွတ်အမိန့်ထုတ်ခံခဲ့ရပြီးဖြစ်သည်။ကိုယ့်ဝမ်းနာကိုယ်
> သာသိမို့သူငယ်ချင်းများကိုရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
> မိမိ၏ကျဉ်းကျပ်သောဘ၀နှင့်ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကိုသူငယ်ချင်းများမရိပ်မိစေရန်အပြုံး
> တုဖြင့်ဖုံးထားရင်းစကားပြောနေရသည်။
>
> အပြန်လမ်းတစ်လျှောက်တွင်ကားပေါ်လိုက်ပါရင်းရွာကပွဲတော်တွေအကြောင်းသူမတွေးနေမိသည်။သူမ၏
> အပျိုစင်ဘ၀အပျော်ဆုံးအချိန်များသည်ရွာမှပွဲတော်ရက်များပင်ဖြစ်ခဲ့ရသည်။အလှူပွဲ၊ဘုရားပွဲ၊ရှိပြီဆိုလျှင်
> တဒေါက်ဒေါက်ဓါးချက်သံလေးများဖြင့်စည်းချက်ညီညာသောကြက်သွန်လှီးပွဲမှာသူမပါဝင်စမြဲ။ကွမ်းတောင်
> ပန်းတောင်ကိုင်အဖွဲ့နှင့်အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်သူမသည်အရေးပါသူတစ်ယောက်။ဝါတွင်းဥပုသ်
> နေ့များနှင့်သင်္ကြန်ရက်များတွင်ဥပုသ်သည်များအားကျွေးမွေးရန်မုန့်လုံးရေပေါ်လုပ်ရသည်မှာလဲပျော်စရာ
> ကောင်းလှသည်။ရွာမှာကျန်ရစ်ခဲ့သောသူငယ်ချင်းများမှာပျော်ရွှင်စရာဤပွဲတော်ရက်များကိုဆက်လက်ဆင်နွဲ
> ကျပေဦးတော့မည်။သူမမှာတော့ပွဲတော်ရက်များရောက်တိုင်းလွမ်းမောခြင်းနဲ့သာအချိန်ကုန်နေရပြီဖြစ်သည်။
> ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကိုသူမဆက်ပြီးမစဉ်းစားချင်တော့။မျက်လုံးအစုံကိုပိတ်၍အတွေးကိုရပ်
> ရန်ကြိုးစားလိုက်သည့်တိုင်မျက်ရည်စီးကြောင်းတို့ကပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည်။
>
> *................*...........xxxxxxx........*......................*
>
> ဤခုနှစ်ဆူကုန်သော......မြတ်စွာဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
> အမှတ်ဖြင့်သာလျှင်...ရွှေဖ၀ါးရတနာ...စကြာရွှေဖ၀ါး....ဖြန့်ငြား........ဖြန့်ငြားပါစေသော်။
>
> သူမတို့နေရာနှင့်မလှမ်းမကမ်းတွင်ရှိသော
> မဟာသိမ်တော်ကြီးကျောင်းတိုက်မှလွင့်ပျံလာသောအသံချဲ့စက်
> အသံ။ဤသီချင်းသံသည်ရွာမှာအလှူဘုရားပွဲရှိတိုင်းဖွင့်နေကျသီးချင်းသံဖြစ်သည်။အခုမှပို၍တမ်းတစွာ
> နားထောင်ဖြစ်သည်။ရွာကိုပို၍သတိရမိသည်။
>
> သူမတို့အရပ်တွင်အလှူအစနေ့တွင်
> အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကိုစတင်ကြားရသည်။
> ထိုအချိန်တွင်သူမတို့အမျိုးသမီးအုပ်စုကကြက်သွန်လှီး၊ကြက်သွန်ခွာဖြင့်အလုပ်ရှုပ်ကျမည်။ဦးညွန့်တို့
> ဦးအောင်လံတို့၊ဦးကြီးများကအကျီဗလာကျင်း၍ပုဆိုးခေါင်းပေါင်းဖြင့်လာရောက်ထမင်းချက်
> ကြမည်။ကလေး
> တသိုက်ကဆူညံစွာပြေးလွှားဆော့ကစား၍အချို့ကအသံချဲ့စက်နားတွင်ဝိုင်းအုံနေကြမည်။
> ညနေပိုင်းတွင်
> အလှူအိမ်ကကျွေးမွေးသောသီးစုံချဉ်ရေဟင်း၊ငံပြာရည်ချက်၊တို့စရာတို့ဖြင့်ကလေးလူကြီးအားလုံးပျော်ပျော်
> ပါးပါးစားသောက်ကျတော့မည်။
>
> ဤသီချင်းနှင့်စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်သူမနှလုံးသားထဲအသွေးအသားထဲအထိ
> ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။ရင်တလှပ်လှပ်တုန်လာသည်အထိရွာကိုအောင်းမေ့မိ၏။အိမ်အပြင်ထွက်၍
> အသံချဲ့စက်အသံကြားရာသို့သူမထွက်ကြည့်လိုက်သည်။ယောဂီလုံချည်များဝတ်လျှက်သာသနာတော်အကျိုး
> အတွက်ငွေဖလားကိုယ်စီကိုင်ကာအလှူခံနေသူများ၊တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
> ကျောင်းတော်ကြီးအတွင်းဝင်၍ဘုရားဝတ်ပြုနေသူများ၊ကျက်သရေရှိလှသောမြင်ကွင်းအစုံကိုသူမလွမ်းမော
> စွာငေးကြည့်နေမိသည်။
>
> ဖြစ်လိုရာဖြစ်စေတော့ပိုက်ဆံအိတ်ထဲမှငွေသုံးထောင်ကျပ်ကိုထုတ်ယူ၍ခပ်သုတ်သုတ်သွားလှူလိုက်သည်။
> ဘ၀တသက်တာအတွင်းမှာအရသာအရှိဆုံးအလှူဟုသူမဘာသာမှတ်ချက်ပြုရင်းကြည်နူးလိုက်သည်ဖြစ်ခြင်း။
>
> .......................................................*...................................................
> "ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"
>
> သင်္ကန်းကိုသပ်ရပ်စွာရုံထားသောကိုရင်နှစ်ပါးကသူမကိုမြင်၍ဆွမ်းဖိတ်လိုက်ခြင်းဖြစ်သည်။ဘာသာခြားအများ
> စုနေထိုင်သောဤနေရာတ၀ိုက်တွင်မြန်မာရုပ်ပေါ်လွင်နေသောသူမကိုတွေ့လိုက်၍အားကိုးတကြီးဆွမ်းဖိတ်
> လိုက်ခြင်းဖြစ်သည်။သူမဘာပြောရမှန်းမသိတော့ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။
>
> "အရှင်ဘုရားတပည့်တော်.......?........မွတ်စလင်ဘာသာကြားထဲ ရောက်နေလို့
> ဆွမ်းလှူခွင့်မရှိပါဘုရား"
>
> တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမအသံချောက်ကပ်စွာထွက်ပေါ်လာသည်
> ကိုရင်များကသူမကို
> ဘာသာခြားဟုတ်ပါ့မလားဟုသံသယအကြည့်ဖြင့်ကြည့်၍လှည့်ပြန်သွားကြလေပြီ။
>
> အလှူအတန်းရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ.သဒ္ဓါစေတနာထက်သန်သော
> အမိအဖတို့၏သမီး
> ဖြစ်သူ၊ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍အလှူအတန်းကိုရက်ရောစွာပြုလုပ်လိုသူယခုတော့ဆွမ်းလာဖိတ်သော
> ကိုရင်များကိုဘာသားခြားပါဟူ၍ငြင်းဆန်လိုက်ရပြီ။ရင်ထဲမှာနင့်နေအောင်ခံစားလိုက်ရသည်။
> တလှိုက်လှိုက်
> တက်လာနေသောရင်တွင်းသောကကိုဘယ်လိုမှထိန်းမထားနိုင်တော့။အိပ်ခန်းတွင်းသို့ဝင်၍အားရအောင်
> ငိုရှိုက်ပစ်လိုက်သည်။
>
> .......*.........*............xxxxxxxxxxxx........*........*..........
>
> တိတ်ဆိတ်သောပတ်ဝန်းကျင်၊ခပ်စိမ့်စိမ့်လေနုအေး၊ကြည်နူးဖွယ့်ဆည်းလည်းသံတို့ကိုခံစားရင်း၊အလင်း
> ရောင်ခပ်ဖျော့ဖျော့အောက်ဝယ်ထီးထီးမားမားတည်ရှိနေသောစေတီတော်မြတ်ကြီးကိုဦးချရှိခိုးလိုက်သည်
> တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။သည်အခိုက်အတန့်လေးမှာပင်မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။
> သူမအိပ်ယာကလန့်နိုးခဲ့သည်။
>
> "ဟင်-ငါရွှေတိဂုံဘုရားကိုအိမ်မက်မက်နေတာပါလား။သြော်....မချိုရယ်..ဘုရားကညည်းကိုအမြင်မှန်ပြနေ
> ပါလား။ချစ်သမီးကကိုယ့်ရဲ့ဘာသာကိုစွန့်ခွာသွားပေမယ့်ငါကချစ်သမီးကိုမမေ့ပါဘူးလို့ပြောပြနေတဲ့
> အတိုင်းပါပဲလား"။
>
> သူမတီးတိုးစွာရေရွတ်မိသည်။မိုးစင်စင်လင်းသွားသည့်တိုင်ဆက်၍အိပ်မရတော့။မြင်သိစိတ်၏အာရုံမှာ
> အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ပုံတော်မြင်ကွင်းကဖျောက်ဖျက်မရတော့
> နေ့လည်ထမင်းစားပြီးသည်နှင့်သားလေးကိုခေါ်ကာရွှေတိဂုံဘုရားသို့ထွက်လာခဲ့သည်။
> သူမခင်ပွန်းအပြင်သွားခိုက်ဖြစ်၍အိမ်တံခါးကိုပိတ်ထားခဲ့သည်။
> ဖြစ်လိုရာဖြစ်စေတော့နောက်ပြဿနာနောက် မှကြည့်ရှင်းတော့မည်။
> အိမ်မက်ထဲကအတိုင်းပါပဲစေတီတော်မြတ်ကြီးကဆည်းလည်းသံကလုံကလင်များဖြင့်နွေးထွေးစွာကြိုဆိုလျှက်
> ရှိ၏။ဤစေတီတော်မြတ်ကြီးအားသူမတသက်တာဖူးခွင့်မရတော့ဟုထင်မှတ်ထားခဲ့ရာယခုတော့စွန့်စွန့်
> စားစားဖူးမြင်ခွင့်ရလိုက်သောကြောင့်စိတ်ကြည်နူးချမ်းမြေ့မှုအပြည့်ဖြင့်အားပါးတရရှိခိုးပူဇော်လိုက်သည်။
> သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်အောင်ရှိလှ၏။
>
> "အမား...ဘာလုပ်နေတာလဲဟင်"
> အနီးတွင်ထိုင်နေသောသားလေးကသူမအားနားမလည်ဟန်ဖြင့်မေးလိုက်သည်။
>
> "သြော်--သားသား--အမားဘုရားရှိခိုးနေတာလေ။ဟောဟိုမှာတွေ့လား။အဲဒါသားသားတို့ဘုရားကြီးပေါ့။
> သားသားလည်းရှိခိုးရမယ်နော်"။
>
> သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။
> လက်နှစ်ဖက်ကိုလက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း
> စေတီတော်မြတ်ကြီးရှိရာသို့ဦးတိုက်ထားလိုက်သည်။
>
> "သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း
> ..........
> ..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
> ဓမံ္မ သရဏံဂစ္ဆာမိ....၊
>
> သံဃံသရဏံဂစ္ဆာမိ။
>
> သားလေးကိုတိုင်ပေးရင်းသူမရောသားလေးပါသရဏဂုံဆောက်တည်ပြီးဖြစ်သည်ဟုမှတ်ယူလိုက်သည်။
>
> ..............**------**-----xxxxxxxx-----****-----****.............
>
> ဘုရားကပြန်လာပြီးနောက်တနေ့မှာပင်သူမခင်ပွန်းကဆန့်ကျင်ဘက်ဖြစ်လွန်းသောစကားတစ်ခွန်းဖြင့်
> တိုင်ပင်ခဲ့ပါသည်။
>
> "ချို-သားလေးကိုကိုဝတ်ကျောင်းခေါ်သွားအုံးမယ်"
> "အို-သားလေးက..အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာငယ်ပါသေးတယ်။အစ်ကိုရယ်ဖြည်းဖြည်းမှခေါ်တာပေါ့။"
> "ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"
>
> ဆန္ဒ၏နောက်မှာအာဏာတို့ရောစွက်နေသောသူမခင်ပွန်း၏စကားလုံးများကိုသူမတော်လှန်တားမြစ်နိုင်စွမ်း
> မရှိခဲ့ပါ။
>
> .....................**.......................**.....................*...................*.....................*............
>
> သူမခင်ပွန်းနှင့်သားလေးတို့ထွက်သွားပြီးတစ်နာရီခန့်အကြာမှာသူမအမည်ကိုအရေးတကြီးခေါ်သံကြားလိုက်
> ရသည်။
>
> "မချို-----မချို----မချို"
> "ဟဲ့----အီမန်ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလဲ" "
> အစ်မယောက်ျားမှာသွားတယ် ..
> ၀တ်ကျောင်းကအပြန်အစ်မတို့ကလေးကားတိုက်ခံရလို့..အဲဒါ
> ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့" "ဘာ..သားလေးကားတိုက်ခံရလို့"
>
> သူမရင်ထဲမီးစနှင့်ထိုးသွင်းခံရသကဲ့သို့ခံစားလိုက်ရသည်။ရပ်ထားသောကြမ်းပြင်နေရာသည်ဦးစိုက် ကျွမ်းပြန် ဖြစ်သွားသည်ဟုမှတ်ထင်လိုက်ရသည်။ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောသားလေးအလောင်းကိုတွေ့လိုက်တော့သူမရင်ထဲဆို့နင့်သွားသည်။
> သားလေးအားကြီးစွာသောသနားခြင်း နှင့်အတူလက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသော
> အသိကြောင့်နှလုံးသားသည်တဆက်ဆက်တုန်နေ၏။ငိုရှိုက်
> လိုက်သည့်တိုင်ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။
> သားလေးအားသဂြိုလ်ပြီးစီးသည့်နေ့မှာပင်သူမခင်ပွန်းက
> ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။
>
> "ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
> "သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ဗလီကိုခေါ်သွားလို့ပေါ့။
> ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။
> ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"
>
>သားလေးအတွက်ခံစားခဲ့ရသောနာကျင်မှုနှင့်ဒေါသတို့ရောစွက်နေသည်ကြောင့်သူမကြမ်းတမ်းစွာပြောဆို ပစ်လိုက်သည်။

> "အေးငါလည်းအဓိကတရားခံဘယ်သူလည်းဆိုတာသိစေချင်လို့မင်းကိုမေးတာ။
> သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ
> အိမ်နီးချင်းတွေပြောလို့ငါအားလုံးသိပြီးပြီ။
> သားလေးကိုမင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ရင်ငါလည်းဝတ်ကျောင်းပို့ဖို့အလောတကြီးစီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။ သားလေးဆုံးရခြင်းရဲ့အဓိကတရားခံက..မင်းကွ..။မင်းသိရဲလား။"
> "အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့အမေတစ်ယောက်က
> သူ့သားတစ်ယောက်ကိုသူတို့ဘုရား
> ခေါ်သွားတာအပြစ်ပြောစရာမဟုတ်ဘူး။ဒါဘာထူးဆန်းလဲ"
> "အေးသူများတွေအတွက်မထူးဆန်းပေမယ့်မင်းအတွက်ထူးဆန်းတယ်ကွ
> မင်းကိုယ်မင်းပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက
> မွတ်စလင်ဘာသာဝင်ဖြစ်နေပြီလေ"။
>
> သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။
>
> "ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။
> ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီး သွားပြီ
> အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"
> "ဘာ---ဘာပြောတယ်။မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး
> တခြားဘာသာပြန်ပြောင်းတယ်ပေါ့"
> "စော်ကားတာမဟုတ်ဘူး။
> ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကိုကျွန်မဘာသာဖန်တီးယူတာ။အခုကျွန်မမှာ
> သားလေးလဲမရှိတော့ဘူး။ ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့
> ရှင့်ကိုဆက်ပြီး မပေါင်းနိုင်တော့ ဘူး။
> ကျွန်မရဲ့အခွင့်အရေးတွေကိုကျွန်မဆက်ပြီးအဆုံးအရှုံးမခံနိုင်တော့ဘူး"
> "အေး--ဒါဆိုရင်ကောင်းပြီလေ
> အိမ်မှာရှိတဲ့ပစ္စည်းကိုတော့မင်းဘာတစ်ခုမှရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့
> နေရာသွားနိုင်တယ်"။
>
> သူမအ၀တ်အစားများကို
> အိမ်ထောင်ကျစဉ်ကယူလာခဲ့သောအိတ်ဖြင့်ထည့်၍သင်္ဘောဆိပ်သို့ထွက်လာခဲ့ သည်။
> သူမအတွက်ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်သွားရမည့်နေရာအတွက်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာ
> စွာချလိုက်သည်။ခရီးသည်များနားနေခန်းသို့ဝင်၍စာတစ်စောင်ရေးလိုက်သည်။
>
> ......xxxxxxx...............xxxxxx.............xxxxxx............
>
> ""အေးမာ၊မဆွေ၊ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကိုဖက်နေတဲ့
> အချိန်မှာငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲလောကီကိုစွန့်ခွာ သွားတဲသီလရှင်
> တစ်ပါးဖြစ်နေပါပြီ။
> ငါလေတို့ငယ်ငယ်ကနုတ်တိုက်ကျက်ခဲ့ဘူးတဲ့သားသမီးကျင့်ဝတ်ငါးပါး
> လင်္ကာထဲက "စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို
> မိုက်မဲစွာလျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊
> ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကိုစောင်ရှောက်ဘို့တာဝန်ပျက်ကွက် သူ၊
> ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ဝေးကွာသူလည်းဖြစ်ခဲ့ရတယ်။
> နင်တို့နဲ့အတူတခြားဒို့ရဲ့သူငယ်ချင်း
> တွေကိုငါ့လိုအဖြစ်မျိုးမကြုံရအောင်ငါ့ဘ၀ကိုသင်ခန်းစာယူပြီးအိမ်ထောင်ပြူမမှားကြပါနဲ့လို့ငါသတိပေး
> တိုက်တွန်းလိုက်ပါတယ်"။
>
> နင်တို့ရဲ့သူငယ်ချင်း
>
> မချို
> ...........xxxx..............xxxxx.................xxxxx................xxx....
>
> စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ပေးဘို့ရန်မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သောသူမ၏ နောင်တဝေဒနာများအတွက် သူမတက်နိုင်သော အစားထိုးကုသမှုဟု ခံယူလိုက်သည်။
>
> သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကိုကျောခိုင်းလိုက်သည်။သူမရင်ထဲမှာ အိမ်ထောင်ရေးနောင်တများ၊ဘ၀သင်ခန်းစာများ၊လောကီသံဝေဂများ၊ပွေ့ပိုက်ထည့်သွင်းလျှက်သူမ၏

ခြေလှမ်းများက သီလရှင်များနေသော ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့။ ။ ။
>
> ------------------------------
---
>
> ကျေးဇူးတင်ပါသည်။
>
> (ဤ၀တ္ထုတိုလေးသည်အဖြစ်ပျက်မှန်
တစ်ခုအားအခြေခံပြီးခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။)
> ရွှေမြန်မာ(ဘိုကလေး)

မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ

မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ

ပင်လယ်ကို မျှားယူဖို့
ထွက်လာခဲ့ပြီးမှတော့
မြစ်တစ်စင်းကို ထမ်းပြီး
ငါ လှည့်မပြန်ချင်ဘူး.....။

မြှားတစ်စင်းရဲ့ တန်းဖိုးကို
လေးညှို့ရှင် အသိဆုံးပါ
သေချာ ချိန်ရွယ်ပြီးမှ
ပစ်လွှတ်လိုက်တဲ့ မြှား
ပစ်မှတ်ထိမှ ဖြစ်မယ်......။
မိုးတိမ်တွေလို အိမ်အပြန် ၊ ကောင်ကင်ကို ၀တ်ရုံပြီး ၊ ခြင်္သေ့တို့ရဲ့ ကပွဲမှာ ၊ ပန်းပွင့်စည်းဝါးနှင့် ၊ လမင်းကိုတွဲပြီး
ငါ အတူ ကမယ်......။ (အရှင်အစ္ဆရိယ)

Template by : kendhin x-template.blogspot.com